🍎32

6.1K 492 13
                                    

ကိုကို့အနားနေပါလား
Part-32

မျက်ဝန်းလေးတွေက မယုံကြည်နိုင်တဲ့ အကြည့်တွေဖြစ်နေပေမဲ့ သူ့ကို မလိမ်ပါနဲ့ဆိုတဲ့ အကြည့်မျိုး။ချစ်နေရဲ့သားနဲ့ ဘာတွေကို ကြောက်ပီး
မရင်ဆိုင်ရဲရတာလဲ။ကျန်ချန်းကို နယ်ကနေပြန်ခေါ်လာပီး သိပ်မကြာခင်မှာပဲ ကိုယ်တိုင်
မိဘတွေဆီ သွားပီး ခွင့်တောင်းခဲ့တာ သူလေးမှမသိတာ။မိဘတွေကို နယ်မှာနေတယ်ဆိုပီး
သူ့လို တုံးတုံးအအတွေ‌ထင်နေရဲ့။ကျန်ချန်း
မိဘတွေက သူ့တို့သားလေးကို သူ့ထက်ပိုချစ်ပေးပီး ပိုပြည့်စုံအောင် ထားနိုင်ရင် ပေးနိုင်ပါတယ်တဲ့လေ။ဒီအကြောင်းတွေကို မပြောပြပဲ
လပ်ထပ်ခွင့်ကို တောင်းချင်ခဲ့တာ အခုတော့
ယောက္ခထီးကြီးကြောင့် ပြသာနာက အစပေါ်ပီ။

"ပြောလေ မင်းမိဘတွေက သဘောတူတယ်ဆိုရင်ရော

"မသိဘူး။ပါးတို့ သိလည်း

ချစ်လျက် ခေါင်ကြောမာနေတဲ့ ကျန်ချန်းကို ဝမ်ချောင် စိတ်မရှည်နိုင်တော့။ခေါင်းလေးကနေထိန်း ခါးလေးကို ဆွဲယူပီး သူ့ရဲ့ နှုတ်ခမ်းတွေနဲ့
ကျန်ချန်းရဲ့ နှုတ်ခမ်းပါးလေးကို ဖိကပ်လိုက်သည်။
ကျန်ချန်းသည်လည်း နှုတ်ခမ်းလေးပြုံးသယောင်နှင့် ဝမ်ချောင့်ရဲ့ခါးကအကျီစလေးကို ဆုပ်ကိုင်ရင်း တုန့်ပြန့်အနမ်းလေးပေးသည်။

ကျန်ချန်းဆီက တုန့်ပြန်အနမ်းကြောင့် ဝမ်ချောင်
အပျော်လွန်ကာ ပိုပီး တင်းကြပ်စွာဖက်မိလေတော့

"အ့ ကော ကျွန်တော် နာတယ်။
အရမ်းဖက်တာပဲ

"ကိုယ့်အနမ်းကို တုန့်ပြန်တာလား။

"အင်း

"ကိုယ် ပျော်လိုက်တာကွာ။ချစ်တယ် ကျန်ချန်း။
မင်းက ကိုယ့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပဲ။

ဝမ်ချောင့် စကားကို ကျန်ချန်းက နှုတ်ခမ်းမဲ့ပြရင်း

"အရင်က ထားခဲ့တဲ့ ရည်စားတွေကို အားနာဦး
"ယုံတာအရမ်းပဲ။အဲ့စကားက CEOဝမ်က ကျန့်ကျန့်ကို ပြောရင် ဟုတ်သေးတယ်

"ဝမ်ရိပေါ်နဲ့တော့ မယှဉ်ရဲပါဘူး။
ဒီကောင်က ရည်းစားအလားဂျစ် ရှိတယ်။
ကျန့်ကျန့်နဲ့တွေ့မှ ပျောက်သွားတာ။
ကိုယ် ရည်စားများတာက အပျင်းပြေတွဲတာ။နမ်းတောင်မနမ်းဘူး..သဘောပေါက်။ကျူးကျူးလွန်လွန် ဖြစ်ချင်ပီး အပိုင်သိမ်းခဲ့တာ မင်း‌က ပထမဆုံး ကိုယ့်ဘေဘီရဲ့

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now