🍎11

7.6K 669 11
                                    

ကိုကို့အနားနေပါလား
Part-11

ရှောင်ကျန့် hotpot ကို အားရပါးရစားနေတာကို
ကြည့်ပီး ရိပေါ် ရှောင်ကျန့်အကြိုက်တစ်ခုကို
မှတ်သားထားလိုက်သည်။စားနေတာများ
သူဟာကို ဒီမျက်မမြင်ကြီးပဲ လုစားတော့မှာလိုလက်ဝါးအုပ်ကာကိုပင် စားနေသည်။
တော်သေးတာပေါ့ အစားသေချာမစားလို့
ဆေးထပ်တိုက်ရမှာစိတ်ပူနေတာ အခုတော့ ဆေးတောင်လိုပါဦးမလား။အရင်ကဆို ကိုကိုစား
ဆိုပီး ဂရုစိုက်တာ သူ မကြိုက်တဲ့ အစားတွေမို့ ကိုယ်ကိုအရင်ကျွေးသလားလို့တောင် ရိပေါ်တွေးမိကာ ပြုံးမိတယ်။

"ဖြည်းဖြည်းစားလေ ကိုကိုလုမစားပါဘူး

"ကျန့်ကျန့် ဗိုက်ဆာနေလို့ပါ

"ကိုကိုက အငတ်ထားနေလို့လား ကျန့်ကျန့်ဘာသာမစားတာမဟုတ်ဘူးလား

"မစားချင်ဘူးပြောရင် ကိုကိုထပ်ဆူမှာစိုးလို့ပါ

"နောက် ကျန့်ကျန့်မကြိုက်တာ မစားခိုင်းတော့ဘူး.. အခုလဲ ဆူတာမဟုတ်ဘူး အစာမကြေမှာစိုးလို့...

"ကျေးဇူး ကိုကို..
ဦးလေးဝမ်ကိုလဲ လာမှ ကျေးဇူးတင်စကားပြောရမယ်...
နေကောင်းရင် ဦးလေးဝမ်ကြိုက်တဲ့ ငါးပေါင်း
လုပ်ကျွေးရမယ်....

"Apple လာသွားတယ် ကျန့်ကျန့်အိပ်နေတုန်းက

"ဟုတ်လား မမကိုတွေ့ချင်လိုက်တာ မတွေ့ရတာ
အတော်ကြာနေပီ
မမလာတွေ့မှ နေမကောင်းဖစ်ပီ အိပ်နေရတယ်လို့

"အဲ့လောက် သူတို့ကို ချစ်ရလား
ကျန့်ကျန့်အပေါ် သူတို့က ကောင်းလို့လား

"ချစ်တယ် ဘာပဲဖစ်ဖစ် ကျန်ကျန့်အတွက်
လေးရှောင်းတို့က မိသားစုပဲ ဒါကြောင့်
ကျန့်ကျန့်ချစ်တယ်ကိုကို...

"ပါးက ကျန့်ကျန့်ကို မွေးစားမယ်ဆို
ကျန့်ကျန့်က လက်ခံမှာလား

ရိပေါ် စကားကို ရှောင်ကျန့် ဟာသလေးနှောရင်း
ပြန်ဖြေသည်။

"ကိုကို့လိုဒေါသကြီးတဲ့ အစ်ကို ကျန်ကျန့်မလိုချင်ပါဘူး..
ဒါပေမဲ့ ကိုကိုနဲ့မမ လက်ထပ်ရင် ကျန့်ကျန့်နဲ့
အမျိုးတော်မှာပဲနော်
ကိုကိုကရော ကျန့်ကျန့်ကို ညီတော်ချင်လား

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now