🍎23

7.2K 705 42
                                    

ကိုကို့အနားနေပါလား
Part-23

အရင်ထဲက မနက်စောစောအိပ်ယာ ထတတ်သည့် ရှောင်ကျန့်သည် အခုလဲ မနက်စောစော
နိုးနေပြန်သည်။သူ့ရောက်နေတဲ့ ရင်ခွင်ပိုင်ရှင်ကို ကြည့်ပီး ညကအဖြစ်ပျက်တွေက တစ်ခုချင်း
ပြန်မြင်ယောင်လာသည်။

*ကိုကို ကတစ်လျှောက်လုံး လိမ်နေခဲ့တာပဲ။
လိမ်တာကို မုန်းတဲ့ ကျန့်ကျန့်ကိုမှ လိမ်ရက်တယ်။ကိုကို့ကို ပေးခဲ့မိတဲ့ ကျန့်ကျန့်ရဲ့ စေတနာတွေက အလှောင်ခံရဖို့ သက်သက်ပဲလား
ဟင့်

ရှောင်ကျန့် တွေးနေရင်း ဝမ်းနည်းမျက်ရည်တွေ ကျလာပြန်သည်။
ရိပေါ် ဖက်ထားသည်ကို ရိပေါ်မနိုးအောင်
သတိထားပီး ရုန်း‌ထွက်လေသည်။
သို့ပေမဲ့ တင်းကြပ်စွာဖက်ထားလေတဲ့
ရိပေါ်ရဲ့ လက်တွေက လှုပ်ယုံသာ လှုပ်ပီး
ရုန်းထွက်လို့မရပေ။

*ကျန့်ကျန့်ကို လိမ်ထားတဲ့ ကိုကို့မျက်နှာကို
တစ်ကယ်ပဲ မကြည့်နိုင်တော့ဘူး။ကျန့်ကျန့်ကို
ပေးတဲ့ အချစ်တွေကပါ အလိမ်တွေဖစ်မှာ သိပ်ကြောက်မိတယ် ကိုကို
အခု ကျန့်ကျန့် ဘာလုပ်ရတော့မှာလဲ

ရိပေါ်နိုးလာသည်ထိ စောင့်တော့မယ်
ဆိုတဲ့ အ‌တွေးတွေနဲ့ ရှောင်ကျန့်ကတော့ မျက်လုံးတွေ မှိတ်ချလိုက်လေတော့သည်။

ထိုစဉ် မျက်လုံးပေါ်ကျရောက်လာတဲ့ အနမ်းနွေးနွေးလေး။ရှောင်ကျန့် မျက်လုံး ဖွင့်ကြည့်လေတော့ သူ့ကို ပြုံးပြကာ ကြည့်နေသည့် မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့လူလိမ်ကြီး။

"နိုးနေတာ ကြာပီလား။မနက်စောကြီး ဘာလို့
ငိုပြန်တာလဲ။မကြိုက်ပါဘူးကွာ

"........

"ဘာလို့ ကိုကို့ကို စကားပြန်‌မပြောတာလဲ
ကိုကို တောင်းပန်ပါတယ်
ကျန့်ကျန့်ကို တမင်လိမ်ခဲ့တာမဟုတ်ပါဘူး
ကိုကို ကျိန်ဆို ကျိန်ဝံ့ပါတယ် ကလေးရယ်

"........

စကားပြန်မလာတဲ့ ရှောင်ကျန့်ကို ကြည့်ပီး ရိပေါ်
ဒေါသထွက်လာသည်။ရှောင်ကျန့်သည် ထိုသို့
အင်းမလုပ် အဲမလုပ် တစ်ခါမှ မနေဖူးပေ။သူနဲ့
အတူရှိနေသည့် တစ်လျှောက်လုံးလဲ အခုလိုထိ တစ်ခါမှ မငြိမ်ဖူးပေး။
အိပ်ယာက ထလိုက်ပီး ရှောင်ကျန့်ကိုပါ ဆွဲထူရင်း

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now