🍎21

6.9K 680 17
                                    

ကိုကို့အနားနေပါလား
Part_21

Wang group party

ခန်းနားတဲ့ အဆောက်အအုံရှေ့မှာ ရပ်တန့်သွားတဲ့ ကား‌တစ်စီး။ထိုကားထဲမှာတော့ ကင်မရာ
တစ်ဖျက်ဖျက်၊မီးရောင်တစ်လပ်လပ်တွေကို
ကားထဲမှ ကြည့်ပီး စိတ်ရှုပ်နေတဲ့ ကောင်လေးတစ်ယောက်။ထိုကောင်လေးရဲ့ ဘေးမှာတော့
မျက်မမြင်ငကန်းကြီး ဝမ်ရိပေါ်။

"ကိုကို အဆင်မပြေလောက်ဘူး ကြောက်တယ်။
လူတွေအများကြီးပဲ။

စိတ်လှုပ်ရှားနေတာကို ကြောက်တယ်ပြောနေသောကြောင့် ရိပေါ် ဘဝင်မကျချေ။ဝမ်သခင်လေးရဲ့ ချစ်သူက ဘယ်အရာကိုမှ ကြောက်
စရာမလို။ဒီနေ့မှာ အားလုံးရှေ့မှာ ရောင်ကျန့်ကို
လက်ထပ်ခွင့်တောင်းပီး သူနဲ့ရှောင်ကျန့်ရဲ့အ
ချစ်ရေးကိုအားလုံးသိအောင် ပြောပြဖို့ ရိပေါ် တွေးထားသည်မို့တကယ် စိတ်လှုပ်ရှားနေသူက သူကိုယ်တိုင်ပေ။

ဖြူဖွေးနေတဲ့ ဝတ်စုံလေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ရှောင်ကျန့်ရဲ့ လက်ကို ဆွဲကိုင်ရင်း

"ဘာမှ မကြောက်နဲ့.... ကိုကို ရှိနေတာပဲ
အထဲရောက်ရင် ကျန့်ကျန့်နဲ့ သိတဲ့သူတွေ ရှိသေးတယ်

"ကောတို့လဲ လာမှာလား

"အင်း လာမှာ ဒီနေ့အရမ်းအရေးကြီးတဲ့နေ့။
ပီးတော့ ကိုကိုနဲ့ကျန့်ကျန့် ချစ်သူဖစ်တာ
တစ်လတောင်ကျော်နေပီ။
ကိုကို သူတို့ကို ဒီနေ့ပြောပြလို့ရပီလား

နှုတ်လေးကိုကိုက်ကာ ဘာပြန်‌‌ ပြောချင်နေမှန်း
မသိတဲ့ ရှောင်ကျန့်ကို ကြ ည့်ရင်း ရိပေါ်
မျက်လုံးတွေက ရှောင်ကျန့် ရဲ့နှုတ်ခမ်းတွေဆီသို့။

*ဘယ်လို ဖြေရမှာလဲ ။ထပ်ပီး silent တွဲဖို့ပြောရင် ကိုကို စိတ်ဆိုးလောက်လား။*

"ဟေ့

"အမလေး '....လန့်လိုက်တာ ကိုကိုရယ်
ဘေးနားထိုင်နေတာ ဘာလို့ အော်နေတာလဲ

"မေးနေတယ်လေ ပြောပြလိုက်တော့မယ်လို့

"ဒီတိုင်းလေး တွဲလို့....

"ရှောင်းရှောင်ကျန့်!!!!!

".......

"ဘာဖစ်နေလို့ လူသိမခံချင်တာလဲ
မင်းမပြောချင်လဲ ကိုကိုက ပြောမှာပဲ
ဆင်းမယ်..အထဲမှာ ပါး စောင့်နေလောက်ပီ

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now