🍎7

8.2K 875 25
                                    

ကိုကို့အနားနေပါလား
Part-7

ရိပေါ်ရဲ့ အခန်းထဲက ထွက်လာတာနဲ့ ရှောင်ကျန့်
တစ်ချိုးထဲ သူ့အခန်းထဲ ဝင်ပြေးကာ တံခါးကိုပိတ် ကုတင်ပေါ် ပြေးတက်ပီး ခေါင်းအုံးထဲမျက်နှာဝှက်ကာ

*အား သေပီသေပီ ရှောင်ကျန့်ရာ ပြသာနာကို
မီးခွက်ထွန်းယုံမဟုတ်ဘူး လောင်စာက အဆင်
သင့် ထည့်လိုက်ရလား ကိုကို ဒေါသထွက်နေလောက်ပီ နေဦး.. မနက်ဖြန် အိမ်ပြန်ခိုင်းမှာတော့
မဟုတ်ဘူးမလား...
လေးရှောင်းကို ကိုကိုက ​တိုင်ပြောရင်
မမက သူ့သတိုး​သားလောင်းကို နမ်းမိတာသိသွားရင် အဟင့်ဟင့် အသေထုမှာ သေချာတယ်
အဟင့်ဟင့် ...ကယ်ကြပါဦး

ရှောင်ကျန့် သူ့ခေါင်းကို ခေါင်းအုန်းနဲ့ ရိုက်ကာ
တစ်ယောက်ထဲ အရူးမီးဝိုင်းနေသည်။

အခန်းထဲ ကျန်ခဲ့သည့်ရိပေါ်ကတော့ ယုန်ပေါက်လေးနဲ့ ထိတွေ့ခဲ့တဲ့ သူ့ရဲ့နှုတ်ခမ်းကို ကိုင်ရင်း
ပီတီတွေဖြာနေ၏။အကျီကိုကြယ်သီးကြပ်နေတာကို အတင်းအားတွေစိုက်ရင်း တပ်နေသည်က
နှုတ်ခမ်းလေးကပါ ဘာမဆိုင်ညာမဆိုင်နဲ့ ဆူထွက်လာတဲ့ ယုန်ပေါက်လေးကို အပေါ်ကနေ
ကြည့်ပီး အသဲအရမ်းယားလာလို့ ဆံပင်လေးကို
ခိုးနမ်းမို့ လုပ်စဥ် မထင်မှတ်ပဲ သူလေးရဲ့ မျက်နှာမော့လာတော့ အဟင်း....ထီပေါက်သွားပေါ့
ရိပေါ် ကြောင်တောင်တောင်လေးနဲ့ အံသြသွားတဲ့
ကျန့်ကျန့် မျက်နှာလေးကို ပြန်မြင်ယောင်ရင်း..

*အိစက်နေတာပဲ ကျန့်ကျန့် နှုတ်ခမ်းလေးက
ခဏလေးပဲ ထိတွေ့ရတာ နှမြောလိုက်တာ

____________________________________

ရှောင်းအိမ်တော်

"သမီး ကျန့်ကျန့်ကို ဖုန်းဆက်မေးဦး အဆင်ပြေရဲ့လားလို့...
သူ့ခမျာ သမီးအစား သူများသူစိမ်းအိမ်မှာ သွားနေရရှာတာ...ပီးတော့ ကျန့်ကျန့်က ဒီအိမ်ကလွှဲရင် ဘယ်မှတောင်မသွားဖူးတာ ​သူစိမ်းတွေကြားအဆင်ပြေမှ ပြေပါ့မလားမသ်ဘူး

ဒေါ်မေလီ သူ့တူကို အကဲပိုနေသည့် ယောကျာ်း
ဖစ်သူကို မျက်စောင်းထိုးကာ TV ကြည့်နေရာမှ
ထသွားသည်။
Apple လဲ မိခင်ဖစ်သူကို ကြည့်ပီး သက်ပြင်းချမိသည်။မား ဘာလို့ ကျန့်ကျန့်ကို မုန်းလဲ မသိချေ။ဒီခလေးက အလိုက်တော့သိသည်။လိမ္မာသည်။လူကြီးတွေကိုလဲ ရိုသေပီး အနေအေးသည်။သူ့ကြောင့် ပြသာနာ ရှင်းရသည်ကို မရှိခဲ့။
ကျန့်ကျန့် ရှောင်းအိမ်တော်ကို ​ရောက်လာထဲက
Apple သည် နွေးနွေးထွေးထွေး မဆက်ဆံပေမဲ့
သူမ အမေ လောက်တော့ ကျန့်ကျန့် အပေါ်မစိမ်းကား။ဒါပေမဲ့ ဒီကလေး လိမ်မာတာတော့
ငြင်းမရပေ။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now