"မာမီ...ထတော့ မာမီ...."ဘာ....
မာမီက ဘယ်သူတုန်း...။
ငါက ဘယ်ရောက်နေတာတုန်း..။ဝိုးတဝါးနှင့် မျက်လုံးကိုပြူးပြီး ကြည့်လိုက်တော့မှ အမရာလေးက ခုတင်ကိုကုတ်ဖက်တက်လာပြီး မီ့ ကိုအော်ခေါ်နေပုံရသည်။
မိုးတောင်လင်းနေပါပြီရော...
"ကလေးလေး...ကလေးလေးက နိုးနေပြီလား"
အမရာလေးက မီ့ မျက်နှာကိုထိသည်။
အသည်းယားစရာ creatureလေး။"ထတော့...မမလေးရေ...ဒီမှာမနက်စာရပြီ"
"မ ရေ...အမရာက မာမီလို့ခေါ်နေတာ ဘယ်သူ့ကိုလဲ"
"အယ်...ဘယ်သူ့ကိုခေါ်ရမှာတုန်း...မမီ လို့ခေါ်တာနေမှာပေါ့...
သူက စကားမှမပီသေးတာ""ဟုတ်တယ်နော်...ဒါပေမဲ့ မာမီလို့ခေါ်တာလည်းကောင်းသားပဲ"
မက မျက်စောင်းထိုးသည်။
"ခေါ်ကြည့်စမ်း...ကလေးလေး...မာမီ"
"မာမီ..."
ကလေးလေးက ရယ်ပြန်သည်။
တစ်နေ့ တစ်နေ့ စားလိုက် အိပ်လိုက် ရယ်လိုက်နှင့် သူလေးပဲ
အေးချမ်းသည်။"တော်ပါတော့..မာမီမေလွင်ရယ်...ရေချိုးခန်းထဲမှာ သွားတိုက်တံအသစ် တစ်ချောင်းရှိတယ်....မျက်နှာသစ် သွားတိုက်ပြီး မနက်စာစားပြီးမှ
ပြန်တော့"မ ကပြောပြောဆိုဆိုနှင့်ထွက်သွားသည်။
ကလေးလေးကလည်း တောက်တောက်တောက်တောက်နှင့်
သူ့အမေနောက်လိုက်သွားသည်။အတော်ချစ်စရာ.....။
မနက်ခင်းတိုင်း သည်လိုနိုးထနိုင်ဖို့ မီ မည်သို့ကြိုးစားရမည်နည်း။ရေချိုးခန်းထဲတွင် သွားတိုက်တံအသစ်တစ်ချောင်းရှိသည်။
ဘေးနားမှာတော့ သွားတိုက်တံအသေးတစ်ချောင်း အကြီးတစ်ချောင်း
ရှိနေပြီး နှစ်ချောင်းလုံးကို အဖုံးဖုံးထားသည်။"မျက်နှာသစ်တာ အဲ့လောက်ကြာလား"
မ က ရေချိုးခန်းတံခါးကိုမှီ၍ မျက်နှာသုတ်ပဝါတစ်ထည်ကိုကိုင်ထားရင်း
မီ့ ကိုစောင့်နေပုံရသည်။
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...