အိမ်ပြန်ရောက်သည်နှင့် ညနေ ၆နာရီထိုးနေပြီဖြစ်သည်။
မီကတော့ ပင်ပန်းတယ်ဆိုပြီး အခန်းထဲဝင်သွားလေရဲ့။
ဆောင်းလည်း ပင်ပန်းပြီမို့ အခန်းထဲဝင် အင်္ကျီလဲရသည်။
ထိုစဉ် တံခါးဖွင့်သံကြားလိုက်ရသည်။"မီ အောက်ကစတိုးဆိုင်.......အား.. Sorry မ တကယ် မရည်ရွယ်ဘူးဘာမှမမြင်လိုက်ဘူးနော်"
ပြောပြောဆိုဆိုနှင့် တံခါးကိုအတင်းပိတ်ကာ ပြေးထွက်သွားသည့်မီကို
ကြည့်ရင်း ရယ်ချင်လာသည်။ ကိုယ့်ကိုမြင်သွားပေမဲ့ ရှက်ရမည့်အစား
သူ့ကိုကြည့်၍ ရယ်နေရသေးသည်။
ခဏကြာတော့ အင်္ကျီလဲပြီး ညနေစာချက်သည်။ နေ့တိုင်းအပြင်ထွက်စားလို့တောာ အဆင်မပြေဘူး မဟုတ်ပါလား။
တအောင့်နေတော့ တံခါးဖွင့်သံကြားရသည်။ မီပြန်လာပြီထင်သည်။
မီ့ကိုသွားမကြည့်ပဲ လုပ်စရာရှိတာသာ ဆက်လုပ်နေလိုက်သည်။
ခဏကြာတော့ အနောက်က ခြေသံဖွဖွကြားလိုက်သည်။ ထို့နောက်
ခါးပေါ်က အထိအတွေ့နှင့် လက်တစ်စုံ။ ထို့ပြင် ခပ်စူးစူး ဆေးလိပ်နံ့။
ပခုံးပေါ်က မီ့ခေါင်းလေးကိုရော မီ့ခန္ဓာကိုယ်လေးကိုပါ ခံစားမိသည်။"မီ ဆေးလိပ်သောက်လာပြန်တာလား"
"sorry မ"
"မီဆေးလိပ်သာက်တာ မ မကြိုက်ဘူး မိန်းကလေးကမလုပ်သင့်ဘူးနော်"
"မ .......
မ ကို မီချစ်နေသေးတယ်ဆိုတာ သိတယ်မဟုတ်လား ဒါနဲ့များတောင်
မီ့အနားနေသေးတယ်နော် မီတော့ မပိုင်ဆိုင်ရပဲနဲ့ ရူးတော့မှာပဲ""မီက မရဲ့ အချစ်ဆုံးတပည့်လေးလေ မီ့အနားနေချင်တာပေါ့ မပိုင်ရလဲ
ဆိုင်တယ်လေ မီရယ်""အင်း မီလည်း မကို ဆရာမတစ်ယောက်လို ချစ်တာပဲ ကောင်းမှာပါ
မက အကောင်းဆုံးဆရာမတစ်ယောက်ပဲ" မီ့အသံလေးက တိမ်ဝင်သွားပြီး ဖက်ထားသည့်လက်ကလေးများက ပိုတင်းကြပ်လာသည်။
မီက ချစ်နေသေးတာပဲ ..........ထိုအချိန်မှစ၍ မီကလေး ပြုံပြုံးရွှင်ရွှင်ဖြစ်လာသည်။ အသောက်အစားရော
ဆေးလိပ်သောက်တာပါ မရှိသလောက် လျော့သွားသည်။ တစ်ခါတစ်လေမှ ဝိုင်သောက်ဖြစ်တတ်သည်။ မီကလေး အရင်ကလို ပြန်လိမ္မာလာသည်။ မီ့ရင်ဘတ်ထဲမှာလည်း ဒဏ်ရာမရှိတော့ဘူး ထင်သည်။
ထိုသို့ပင် မျှော်လင့်ရပါသည်။
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...