Part 11

1.8K 134 0
                                    

နေ့လယ်က မက ဟိုတစ်ယောက်ကို လက်ဆွဲ၍ ထွက်သွားသည်ကို ခုထိ မျက်စိထဲမထွက်။
ဖုန်းက Reminder  မြည်မှ မမဆီသွားရန် သတိရတော့သည်။
စိုင်းထက်မြက်က နေ့လယ်စာသွားစားပြီး မီ့ကို အာရှတော်ဝင်တွင်
ချထားခဲ့သည်။
မမက ဆရာဝန်တစ်ဦးဖြစ်သည်။ တစ်နည်းအားဖြင့် မီ့အစ်မဝမ်းကွဲ
မခြူးဖြစ်သည်။ မခြူးက မီ့ခေါင်းကို တာဝန်ယူထားသူလည်းဖြစ်သည်။
မီ့ခေါင်းဆိုမှ မီခေါင်းက ကျန်းမာရေးသိပ်ကောင်းပေ။
Optic lobes ၏ ၂လက်မအကွာတွင် ငယ်ကတည်းက သူငယ်ချင်းလေးရှိသည်။ ငယ်ကအမြဲခေါင်းကိုက်တတ်သူမီ့ကို မခြူးက စိတ်မချဖြစ်ခဲ့သည်။
ရန်ကုန်ရောက်သောအခါမှ ခေါင်းကို ဓာတ်မှန်ရိုက်ကြည့်ခဲ့ရပြီး
အဖြေထွက်လာတော့ မမက လဲကျမတတ်ငိုသည်။
အကြိတ်တဲ့။
မေမေတို့ကို ပြန်မပြာဖို့ မီအတန်တန်ပြောပြီး ကတိအထပ်ထပ်ပေးခဲ့ရ သည်။ အကြိတ်က အတော်ပင်ကြီးနေပြီဟုမမကပြောသည်။

"မေမီ ငါအကြိတ်ကိုခွဲမယ်"

"မခွဲဘူးမမ"

"နင်ဘာလို့ခေါင်းမာနေရတာလဲ မေမီ နင်အဲ့လို လုပ်နေလို့မရဘူးဆိုတာသိရဲ့လား ငါအန်တီတို့ကိုတိုင်တော့မှာနော်"

"တိုင်တော့မတိုင်ပါနဲ့ မေမေတို့နဲ့ မတွေ့တာလည်းအတော်ကြာပြီ ပြန်သွားတဲ့အခါ စိတ်မကောင်းဖြစ်မနေစေချင်ဘူး"

"ဒါဆိုခွဲမယ် နင့်မှာ ပိုက်ဆံမရှိတာလဲမဟုတ်ဘူး ဘာဖြစ်လို့မခွဲချင်ရတာလဲ ငါနင့်ကို ချစ်တာနင်နားမလည်ဘူးလား"

"မဟုတ်ဘူး မခြူးရဲ့ မခြူးမီ့ကိုချစ်တာ မီသိပါတယ် မီ့ခေါင်းကိုခွဲလိုက်ရင်
အသက်ရှင်နိုင်ခြေတွေ လျော့သွားမှာ မဟုတ်လား"

"ငါအာမခံနိုင်ပါတယ်"

"မီ စဉ်းစားမယ်မခြူး"

"ငါ အန်တီတို့ကိုပြောမှဖြစ်မယ်"  မခြူးက ဖုန်းကို ကောက်ကိုင်လိုက်၏။

"မခြူး မလုပ်ပါနဲ့ မီ တကယ်ဆေးဆက်သောက်မယ် ခေါင်းလည်း
သိပ်မကိုက်တော့ဘူး မီကျန်းမာရေးလည်းကောင်းနေတာပဲကို"

"အင်း မပြောတော့ဘူး ဒါပေမဲ့ ဆေးမှန်မှန်သောက် ၂ပါတ်အတွင်းခွဲမယ်
ပြီးတော့ နင်နှုတ်ခမ်းတွေအရောင်ပြောင်းချင်နေပြီ ဆေးလိပ်လည်းဖြတ်
အရက်ကောသောက်နေသေးတာလား နင်နဲ့တော့ ငါစိတ်ညစ်တယ်မေမီ"

"အကုန်ဖြတ်မယ်ဟုတ်ပြီလား မီသွားတော့မယ်"

"၂ပါတ်နော် မီ"

"အင်း"

၂ပါတ်ဆိုလျှင် မ၏။ မင်္ဂလာဆောင်ရှိသည်ပဲ။ အသက်တော့ မှီလောက်ပါရဲ့
မီ ကိုယ့်ဘာသာတွေးရင်းရယ်လိုက်မိသည်။

....................

ကုမ္ပဏီမှ အိမ်ပြန်ရောက်တော့ မ မရှိတော့။
အထုပ်တွေလည်းမရှိတော့။
သူနဲ့ ပါသွားပြီထင်သည်။ စာတစ်စောင်တော့ချန်ခဲ့သေးသည်ကိုပင်
ကျေးဇူတင်ရမည်။

"မ သူ့အိမ်လိုက်သွားပြီ မီ.. ဆေးလိပ်ဖြတ်ပါ မကိုချစ်တဲ့စိတ်တွေကိုလည်း ဖြတ်လိုက်ပါ ကျန်းမာရေးကိုဂရုစိုက်ပါကလေး မ ဘာကိုမှ စိတ်မဆိုးတော့ဘူးနော် နေ့လယ်က မီ့ကို ဆေးရုံမှာတွေ့ လိုက်တယ် ဘာလို့လဲဆိုတာ မ သိချင်တယ် ဒါကြောင့်ဖုန်းဆက်ပါ တစ်ယောက်တည်းအဆင်ပြေလည်း
အစစအရာရာ ဂရုစိုက်ပါမီ "

ကောင်းသား။ မနေ့ညကကြောင့်များလား။
ရုတ်တရက် ဖုန်းမြည်သံကိုကြားလိုက်ရသည်။ ဖုန်း screen ကိုကြည့်ပြီး မီပြုံးလိုက်ရသည်။ မ မဟုတ်ပဲ မီ့ကို ပြုံးအောင်လုပ်နိုင်သည်က
သူပဲရှိသည်။

"ကြယ်စင်သန့်" တဲ့။

(sorry for name, a thant lay😅)

{Sorry my dear readers, for my font in reading my story. Again I need all kinds of feedback. You may comment or text me personally. My facebook account is Aeindra Linn. Thanks a thousand times for reading 💛}

#957

The one pale and delicate(Unicode Version)Where stories live. Discover now