Part 2

2.5K 173 0
                                    

At home

"အထုပ်တွေ မီသယ်ခဲ့မယ် သွားနှင့်တော့ မ"

"အင်း Password ကရော"

(ဘုရားရေ အားနာပါးနာလေးတောင် မကူသယ်ချင်ဘူး မရယ်😂)

"12699"

"နံပါတ်ကို ရင်းနှီးနေသလိုပဲ" မျက်မှောင်ကြီးကြုံ့ကာပြောလာသောမကို
မီ အသည်းယားလာ၏။

"မမွေးနေ့လေ"

"ဟယ်......ဟုတ်သားပဲ ဘာလို့"

"မီ အထုပ်သယ်ထားတာလေးနေပြီ သွားတော့"

"အင်း"

အထဲရောက်သည်နှင့် ထိုအသည်းယားစရာ လူကြီးလေးက မီ့အိမ်ကို
စူးစမ်းတော့သည်။

"မ ရေအရင်ချိုးလည်းရတယ်"

"ဒါဆို ရေအရင်ချိုးမယ်လေ"

"ရေချိုးခန်းက အခန်းထဲမှာလည်းရှိတယ် အဲ့ဒါသုံးလို့ရတယ် အထုပ်တွေ
ထည့်ထားလိုက်မယ်"

"ကျေးဇူး"

မ ပြုံးသောအပြုံးနှင့်ပင် မီတစ်ယောက် သေနိုင်သည်။ ရှင်နိုင်သည်။
ထိုအပြုံးကလေးတည်တံ့ရန် မ ထမင်းစားရမည်။
ထမင်း ထမင်းဆိုမှ မီ တစ်ယောက် ထမင်းအိုးမတည်မိခဲ့။
ဟင်းသာချက်ပြီး မကိုကြိုရန် အပြေးအလွှားသွားခဲ့ခြင်းဖြစ်သည်။

"Oh! ဘုရားရေ ငါတော့ တကယ်ပါပဲ"

"ဘာတကယ်လဲ မီရဲ့"

"အို့ မမ ရေမချိုးပဲ ဘာလုပ်နေလဲ" 
မက ထဘီရင်လျားလေးနှင့် မီ့ကို မလှမ်းမကမ်းမှ ကြည့်နေသည်။ မီလည်း ကိုယ့်အတွေးနှင့် ကိုယ်မို့ မကြားလိုက်မိ။

"မ အထုပ်တွေလာယူတာ မီဘာဖြစ်နေလဲ"

"ဟိုလေ ဟို မနက်က ဟင်းချက်ပြီး ထမင်းချက်ဖို့ မေ့သွားတယ်
မ ရေချိုးပြီးရင်တော့ ကျက်မှာပါ"

အမြဲ ကပျာကယာလုပ်တတ်သောအကျင့်ကို မဖြတ်နိုင်သေးသော မီ့ကို
ကြည့်ရင်း မက ရယ်သည်။ တစ်ခါ နှစ်ခါလည်းမဟုတ်။ ဗိုက်ကိုနှိပ်၍
ရယ်သည်။ မက တကယ် ရယ်ချင်လျှင် မပြတ်အောင်ကိုရယ်သည်။
ထိုသို့ ချစ်စရာကောင်းစွာ လွတ်လပ်စွာ ရယ်မောနေသော မကို မီ လွမ်းခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ခုမှ မြင်ရသည်။ မြတ်နိုးဖွယ်အတိ။

The one pale and delicate(Unicode Version)Where stories live. Discover now