Part 7

1.9K 152 0
                                    

ပြောထားသည့်အတိုင်း  မကို မာလာရှမ်းကောလိုက်ကျွေးပြီးမှ   အိမ်ပြန်ရသည်။ အိမ်ပြန်ရောက်တော့ မတစ်ယောက် ပင်ပန်းတယ်ဆိုပြီး ဆိုဖာပေါ် ခွေခွေကလေးအိပ်သွားလိုက်တာ ညနေစာစားချိန်မှ နိုးလာသည်။
ထိုအချိန်အတောအတွင်း မီက ညစာချက်ရသည်။ ရေခဲသေတ္တာထဲမှ ရှိသမျှ ပစ္စည်းကို ရှိသလိုသုံးကာ ဟင်းတစ်မျိုးနှင့် အသုပ်တစ်ပွဲအပြင် ဟင်းရည်တစ်ခွက်ပါ ဖြစ်အောင်ချက်လိုက်သည်။ ကလေးစာလို့တော့ အပြောမခံ။

ခဏကြာတော့ အိပ်ယာက နိုးလာသည့် မက မီချက်ထားသည်တို့ကို
ကြည့်ကာ တအံ့တသြဆိုသေးသည်။

"ဟယ် ဒီတစ်ခါတော့ လူကြီးလိုစားလို့ရပြီ"

"မ နော် ဟိုတစ်ခါချက်တာလည်း စားလို့ရတာပဲကို "

"အင်းပါမီရယ် မက သဘောပြောတာပါ"

"ထားပါ ဟင်းရည်လေးမြည်းကြည့် ကြက်ရိုးနဲ့ အသီးအရွက်အပြင်
ချဉ်စော်ကားသီးပါတော့ ခပ်ချဉ်ချဉ်လေး မီကယ်ငယ်က အရမ်းကြိုက်တာ
ဖွားဖွားလက်ရာပေါ့ ခုတော့ မီ့လက်ရာဖြစ်ပြီ"

မက ပါးစပ်ကလေး ဟပေး၏။ ဟင်းရည် တစ်ဇွန်းမြည်းလိုက်တော့ မ
အကြိုက်တွေ့သွားပုံရသည်။ မက လက်မကလေးထောင်ကာ

"တကယ်ရှယ်ပဲ မီကတော်လိုက်တာ ဘယ်သူ့ကလေးလေးလဲမသိဘူး"
မီ့ပါးလေးကို ဖိလိုက်ပြန်သည်။

"ဘယ်သူ့ကလေးလေးထင်လဲ"

"ဆောင်းသက်နှင်းရဲ့ ကလေးလေးပေါ့" မက သူ့ဘာသာပြောပြီး ရယ်ပြန်၏
မက တကယ် ချစ်စဖွယ်ဖြစ်သည်။
မ၏ ကလေးလေးဆိုလျှင် မကို တစ်ခါလောက်တော့ မြတ်နိုးပြခွင့်ရှိသည်
မဟုတ်ပါလား။ ရင်ဘတ်ကြီးက တကယ်ကို စောက်မှတ်မရှိ။
အသိဉာဏ်ဘုရင်ကြီး နန်းကျပြီး နှလုံးသားမိန်းမဆိုးက နန်းတက်သည်။

မီ့လက်များက မတစ်ယောက်စာဆို သန်မာသည်။ မတစ်ကိုယ်လုံးကို အနားက စားပွဲပေါ်သုိ့ ပင့်တင်လိုက်သည်။
ခုံပေါ်ရောက်သည့်အခါ မက အတော်ပင်လန့်နေပုံပေါ်သည်။ မီ့ပခုံးပေါ်တွင် မလက်ချောင်းများရောက်နေသည်။ မနှုတ်ခမ်းကို မီစိုက်ကြည့်မိသောအခါ မရင်ခုန်သံကိုပါ ကြားရသည်။ မလှုပ်မယှက်ထိုင်နေသော မကို ကြည့်ကာ
ပစ်မှားချင်စိတ်များက တဖွားဖွားပေါ်လာသည်။ သို့နှင့် မနှုတ်ခမ်းကလေးကို
ညင်ညင်သာသာ နမ်းရှိုက်မိသည်။ မက မတွန်းဖယ်ပဲ အလိုက်သင့်လေး။
မ၏ လက်ချောင်းကလေးများက မီ့ပခုံးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်
အသိစိတ်ဝင်လာချိန် ထိုအနမ်းတို့ကို ရပ်တန့်လိုက်ပြီး မနှင့်ခေါင်းချင်းဆိုင်မိသည်။

"မချစ်ဘူးဆို ဘာလို့ မတွန်းထုတ်ခဲ့လဲ"

"မတို့ ဒီလိုမလုပ်ခဲ့သင့်ဘူး"  မက ပြောပြီး မီ့ကိုဖယ်ကာ အခန်းထဲ ဝင်သွားသည်။ ဒီညတော့ ညစာစားဖြစ်မည်မထင်တော့ပါ။

မီတော့ တိုက်အောက်ဆင်းပြီး စီးကရက်ဖွာမိသည်။ တိုက်က ၁၂ထပ်တိုက်
ဖွာနေသည့် စီးကရက်က chocolate flavour အတူတူနေနေသူက
ချစ်ရသူ မ။ ပြီးပြည့်စုံနေသည်ကို မီကိုယ်တိုင် မီ့လက်နှင့် ဖျက်ဆီးလိုက်မိ
ပြီထင်သည်။ အဘယ်ကြောင့် မကို မဆင်မခြင် နမ်းခဲ့မိသနည်း။
မင်္ဂလာမဆောင်ချင်ဘူးလို့ မက ပြောခဲ့လို့လား အခြေအနေပေးလို့လား
ခုထိ သူ့လက်ထဲကနေ မကို လုယူချင်သေးလို့လား။ မသိပါ။ မီတကယ်
မသိတော့ပါ။ လုယူမည်ဆိုလျှင်လည်း သူကအဝေးမှာ ကိုယ်က မ အနားမှာမို့ လွယ်သည်။ သို့သော် မ ကိုလေးစားသောအားဖြင့် ဘယ်သောအခါမျှ မကြိုးစားခဲ့သည်ကို ခုတော့ မီ လုပ်ခဲ့ပြီ။
နာရီဝက်လောက်ကြာအောင် စီးကရက် ၃ ၄ လိပ်ကုန်အောင် ဖွာပြီးနောက်
တိုက်ပေါ်ပြန်တက်လာမိသည်။ မကတော့ ထမင်းစားပြီးပြီထင်သည်။
ဘေစင်ကော ပန်းကန်တစ်ချပ်ပါ ရေစက်လက်နှင့်။ မီတော့ ထမင်းမစားပဲ
ဝိုင်တစ်ခွက်သောက်ကာ အိပ်ယာဝင်လိုက်သည်။
မနက်ဖြန် မကို ဘယ်လိုရင်ဆိုင်ရမလဲမသိတော့။

(ဒီအပိုင်း ကိုယ်ရေးခဲ့တာ မဟုတ်ဘူး🙄)

#1084

The one pale and delicate(Unicode Version)Where stories live. Discover now