Part 34

1.5K 90 2
                                    

"မ...အမရာလေး...သမီးလေးအတွက်ပဲဖြစ်ဖြစ်..ဒီတစ်ခါတော့
မရဲ့လက်ကိုမလွှတ်တော့ဘူး...နော်..ခုထိချစ်နေတုန်းပါပဲ မရယ်"

မကပြုံးရုံလေးပြုံးသည်။
ထိုအပြုံးလေးကိုချစ်သည်။
ထိုအပြုံးက လောကကြီးကိုလည်းမေ့ပျောက်သွားစေသည်။

"🎵now the day bleed......into nightfall..and you're not here.....🎶"

ထိုသီချင်းကမီ့ဖုန်း Ringtone ဖြစ်သည်။
ထိုအချိန်မှ မျက်လုံးနှစ်လုံးပွင့်ပြီး အိပ်မက်မက်နေမှန်းသိတော့သည်။
ဖုန်း screen ကိုကြည့်တော့မှလီလီဖြစ်နေသည်။

"ဟေး..baby..မအိပ်သေးဘူးလား"

"အိပ်မပျော်သေးလို့....နင်ကအိပ်ယာထတာလား"

"အေးပေါ့..ဒီမှာမိုးလင်းတော့မယ်...."

"ငါ့ကိုသတိမရဘူးလား"

"Baby...ငါကပြန်လာမှာပဲလေကွာ"

"အင်းပါ..."

"အိပ်တော့လေကွယ်..."

"Goodnight Kiss ပေး"

"ကွယ်...ဒီကလေးကလည်း.."

"မပေးဘူးလား"

"Oversea ဖုန်းနော်အသည်းလေး..ချတော့..ဒါပဲ"

လီလီနဲ့နေလာတာ၃နှစ်ရှိပြီ။
တွဲနေခဲ့သည်ပေါ့။

သူကလည်းတွဲချင်သည်မို့...မီ့ကိုလည်းဝိုင်းဝန်းတိုက်တွန်းကြလို့ဖြစ်မည်။
မေမေနှင့်ဖေဖေတောင်သိသည်။
သို့သော်ဘာမှမပြောခဲ့။

လီလီ့ကိုချစ်တော့ချစ်ပါသည်။
သူငယ်ချင်းလို....ကြာလာတော့ကလေးတစ်ယောက်လိုချစ်လာသည်။
ရင်ထဲမှာ တစ်စုံတစ်ယောက်ပျောက်ကွယ်သွားသည်ဟုပြောလျှင်
မီ ညာသည်ပေါ့။
ထို့ကြောင့်လည်းမြန်မာပြည်ပြန်လာခဲ့ခြင်းမဟုတ်ပါလား။

................

၁ပတ်ကရန်ကုန်လေပူနှင့်အတူလွင့်ပါသွားသည်။

"ဟဲလို..မြတ်နိုးလေး..တွေ့ကြရအောင်"

"ဟုတ်..မမ..အရင်ဆိုင်ပဲမဟုတ်လား"

"အင်း..ညီမလေး..သောက်နေကျဟာပဲမှာထားမယ်နော်"

"ဟီး...ဟုတ်မမ"

၁ပတ်အတွင်း လိုချင်သမျှသတင်းအကုန်ရခဲ့သည်။
ထိုကလေးမ အလွန်တော်သည်ဆိုရမည်။
မီတို့ ဒီတစ်ခါတွေ့သည်က တစ်ပတ်အတွင်းသုံးကြိမ်မြောက်ဖြစ်မည်။

The one pale and delicate(Unicode Version)Where stories live. Discover now