ညက စိတ်ဆိုးဆိုးနှင့် ဆိုဖာပေါ်တွင် ငိုမိသည်ထင်၏။ သို့သော် အိပ်ယာထတော့ မီ့အိပ်ယာပေါ်တွင်ဖြစ်သည်။ မီတကယ်ပွေ့ခဲ့သည်ထင်၏။
စောင်ကလေးတောင်ခြုံထားပေးသေးသည်။
မျက်နှာမသစ်ခင် ထိုကလေးမကို လိုက်ရှာမိသေးသည်။ အိမ်ထဲတွင် ရှိနေပုံမပေါ်။ စားပွဲပေါ်တွင်တော့ စာတစ်စောင်နှုင့် မနက်စာကိုတွေ့သည်။မီ Gym သွားတတ်သည်ပဲ။
မနက်စာစားပြီးတော့ ၉နာရီပင် ထိုးခါနီးပြီဖြစ်သည်။ ခဏကြာတော့
Password နှိပ်နေသံကိုကြားရသည်။ မီပြန်ရောက်ပြီ။
ကိုယ်တိုင်ပင်မသိလိုက်ပဲ တံခါးသို့ အပြေးတစ်ပိုင်းသွားလိုက်မိသည်။"ပြန်လာပြီလားမီ"
"အင်း ညက ဘာလို့ ဆိုဖာပေါ်အိပ်နေတာလဲ ပြီးတော့ ငိုခဲ့သေးတယ်
ဟုတ်လား""အင်း ဘာလို့ အဲ့လောက်သောက်လာသေးလဲ"
"ပင်ပန်းလို့"
"မ လည်းပင်ပန်းတာပဲ မီက ဘာတွေပိုပင်ပန်းလို့လဲ မီ သောက်တာ မ
မကြိုက်မှန်း သိရက်နဲ့""မ မကြိုက်လဲ မီတို့က ဘာမှမဟုတ်ဘူးလေ"
ဘာမှမဟုတ်ဘူးတဲ့လား.... ဟုတ်သားပဲ မီပြောတာ မှန်သည်လေ။ တို့က ........
မီက ဘာမှမဖြစ်ခဲ့သလို ဆက်ပြောသည်။"ဒီနေ့ ပိတ်ရက်ဆိုတော့ တစ်နေကုန် စားချင်တာ လိုက်ကျွေးပါမယ် "
"Date မလို့လား"
"ပိုင်ရှင်ရှိတဲ့လူတွေနဲ့ မဒိတ်ပါဘူး မနေ့ညကဟာကို တောင်းပန်ပြီး
မုန့်ကျွေးရုံပါ ရေချိုးတော့မယ် မ လည်းပြင်တော့လေနော်"
မီ့လေသံလေးက နူးညံ့သွားပြန်သည်။ သဘောကသူဝမ်းနည်းသွားသည်ပဲ။ မီက တကယ်စိတ်အတက်အကျမြန်သည်။
..................ကားပေါ်တွင်လည်း မီကအေးဆေးလှသည်။
"ဘယ်သွားချင်လဲ မ Junction Square ပဲသွားမှာလား"
"အင်း..... မှန်တံတားနားက စာအုပ်ဆိုင်သွားချင်တယ် "
မီကလည်း စာအုပ်တကယ်ကြိုက်သည်။ ပြီးလျှင်တော့ အဲ့ကကော်ဖီဆိုင်
ကလေးမှာပဲ စကားအေးဆေးပြောချင်သည်။
စာအုပ်ဆိုင်ရောက်သည်နှင့်မီကလည်း စာအုပ်ရွေးသည်။ မီကလေးက
တကယ် ဆွဲဆောင်မှုရှိသည်။ ဒါတောင်ခုထက်ထိ ရည်းစားအတည်တကျမရှိပဲ တစ်စုံတစ်ယောက်ကို စောင့်နေဆဲ။ မလာမှန်းသိရက်နဲ့ ဘာလို့ဆက်ပြီး
စောင့်နေသလဲမီရယ်.......မီကတကယ်ကို နာကျင်စရာတွေကို
ကြိုက်တယ်လား မီပြောသလို မ တို့က ဘာမှမဆိုင်လို့ တားလို့မရတော့ဘူးလား မီရယ်... မီလေးရယ်
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...