"နွေရက်ကလွမ်းဖွယ်.........🍁🍂🍃
အဆင်မချောတဲ့ရက်တွေရယ်...🌤️⛅
ရင်ထဲကမေတ္တာလည်း....ထုတ်ဖော်ခွင့်မပေး......💛"မီတစ်ယောက် လေယာဉ် ပြတင်းပေါက်မှန်ကိုမှီကာ ခပ်တိုးတိုး သီချင်း
ညည်းနေမိသည်။"မီလေးတစ်ခုခုသောက်ချင်လား"
"ရေပဲကိုကို"
မတော့မင်္ဂလာဆောင်နေလောက်ပြီ။ မီ့စိတ်ဝိဉာဉ်က မြန်မာနိုင်ငံမှာ
ကျန်ခဲ့သည်။ ကျန်ခဲ့ဆို နှလုံးသားကလဲ........ဟိုရောက်တော့ ကိုကိုက သူအရင်နေခဲ့သည့်အိမ်ကိုခေါ်သွားသည်။
ထို့နောက်ဆေးရုံသို့...ဆေးရုံလား Hotel လားပင်မသဲကွဲတော့ပါ။
King Edward Vll's Hospital ဖြစ်သည်။
ဟိုတယ်အကောင်းစားတစ်ခုထဲ ရောက်နေသဖွယ်ပင်ဖြစ်သည်။
အစားအသောက်နှင့် အခန်းကအစ ရေကူးကန်နှင့် စာကြည့်ခန်းအဆုံးအရာအားလုံးက Heaven-like ဖြစ်သည်။
မသေခင်နိဗ္ဗာန်ပို့ပေးနေသည်နှင့်တူပါသည်။"Happy Dying များလားရှင်......."
ထိုသို့ပြောတော့ကိုကိုကမျက်စောင်းထိုးသည်။
"နင်Londonရောက်နေတာဘယ်သူသိလဲ"
"စုစုနဲ့ပေါက်ပေါက်"
"ပြီးတော့ရော"
"ထက်မြက်တောင်မသိလောက်သေးဘူး......ဘာလို့လဲ"
"နင့်ကိုလာရှာတဲ့လူရှိတယ်"
"မီိ့ကို...?"
"အင်း....လီလီဆိုပဲ"
"လီလီ..."
မဖြစ်နိုင်..။ သူကဘာလို့မီ့အနားပြန်ရောက်လာပြန်တာပါလိမ့်။
"ငါထင်တာမှန်ရင်အထက်တန်းတုန်းက နင်နဲ့တွဲခဲ့တဲ့တစ်ယောက်
မဟုတ်လား""တကယ်တော့မတွဲခဲ့ဘူး"
"ဟေ...ငါတို့အားလုံးနင်တို့နှစ်ယောက်တွဲခဲ့ကြတယ်ပဲမှတ်တာ"
"အင်းသိတယ်...မတွဲခဲ့ကြဘူး...ဒီအတိုင်းစိတ်ကစားခဲ့တာထင်တာပဲ"
ခေါင်းကလေးကုတ်ပြီးမီပြောတော့ကရုဏာသက်စွာကိုကိုကကြည့်သည်။မီ့ခေါင်းကိုတော့ မနက်ဖြန်ပဲခွဲကြတော့မည်ထင်သည်။
..................
ခွဲစိတ်ခန်းထဲရောက်ပြီး မေ့ဆေးပေးသည်ကိုသိလိုက်ရသည်။
ထိုနောက် ခပ်ကြာကြာအိပ်ပျော်သွားခဲ့သည်။...................
ဆေးရုံတွင်ဟုထင်သည်။
"Honey,can you see me?Or Blur?"
"Yes, blur"
"Your name?"
"Name...?
May....May Me Lwin""Who Is He?"
"My Brother,Teddy"
"OK! you may rest now."
အမြင်ကနည်းနည်းဝါးနေသော်လည်းခဏကြာတော့အဆင်ပြေသွားသည်။
သတိမရတာလည်းမရှိ။
ကိုကိုကလဲခွဲစိတ်မှုကအဆင်ပြေသည်ဟုပြောသည်။ထိုအချိန်တွင်ရင်ဘတ်ထဲကအဆင်မပြေတော့။
မကလက်ထပ်သွားပြီ။သို့သော်သူပျော်နေမှာဟုတွေးရင်းစိတ်ပြေလာသည်။
မသေမှန်းသာသိခဲ့ရင်မကိုဘယ်လိုလွှတ်ပေးခဲ့ပါ့မလဲလေ....
ခုတေ့ာနောက်ကျခဲ့.....။သို့သော်အစကတည်းကပျော်စရာဇာတ်သိမ်းနှင့်ပြဇာတ်ကိုကခဲ့သည်မှ
မဟုတ်ပဲ။
တစ်ကိုယ်တော်ဒဿဂီရိဇာတ်ကိုကခဲ့သူဖို့ မပိုင်ဆိုင်ရလည်းအဝေးက
ငေးကြည့်နေရရုံတင်ကျေနပ်ဖွယ်ဖြစ်သည်။
အဆုံးပိုင်းကလေးတွင်အကြင်ချစ်ရသူ၏ တုံ့ပြန်မှုပါရလိုက်သေးသည်။
ပျော်ရွှင်ဖွယ်ဒဿဇာတ်လမ်းတည်း။နောက်တစ်ယောက်ကိုချစ်နိုင်မည်ဟုလည်းမထင်တော့ပါ။
မိဘနှစ်ပါးအနားသွားပြီးပြုစုချင်သေးသည်။
ချစ်ရသောအစ်ကိုနှင့်ကမ္ဘာပတ်ဦးမည်။
အချစ်ဆုံးသူငယ်ချင်းလေးကိုယောက်မတော်ရဦးမည်။ပြီးလျှင်တော့....ရူးသွပ်ချင်တိုင်းရူးသွပ်ပြီး....စိတ်ရှိတိုင်းလေနှင့်အတူ
လွင့်မျောပစ်လိုက်ဦးမည်။
ဘဝထဲသူမ မရှိတော့တဲ့နောက် ဘယ်လောက်တောင်
ပျော်ဖို့ကောင်းလိုက်လေသလဲ။ခုတော့မီအဆင်ပြေပါသည်။
#911
တော်တော်ဆိုးမှန်းကိုယ်သိပါတယ်။
ဗိုက်ဆာလို့ဆက်မရေးနိုင်တော့ဘူး😭
ဒါနဲ့လီလီကကြက်သားမှုန့်မဟုတ်ဘူးနော်😂
လီလီကကိုယ့်မိန်းမ😎❤️
ဒါနဲ့မေမီလွင်ဆိုလိုက်တဲ့သီချင်းလေးကြိုက်ကြလား။
ကိုယ်ကတော့ကြိုက်တယ်
မမကို🌚
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...