Part 29

1.5K 104 0
                                    


"မြတ်နိုး...သိမ်းတော့..မာမီလာနေပြီ"

မြတ်နိုးက စားလက်စအချဉ်ထုပ်ကို ခုံစောင်းထဲပစ်ထည့်လိုက်သည်။

"မာမီ...လာတာစောတယ်နော်"

"အေးဟေ့..ဒီနေ့အစည်းအဝေးမလုပ်ဖြစ်တော့ ကျောင်းပေါ်ကမြန်မြန်ဆင်းလာတာ"

မာမီက စုတို့၏သင်္ချာဆရာမဒေါ်နှင်းအေးဖြစ်ပြီး ငယ်ကတည်းကစုတို့ကို
ထိန်းကျောင်းလာသူဆိုလည်းမမှားပေ။
မြတ်နိုးက မာမီ့တူမဖြစ်ပြီး စုနှင့်မွေးကတည်းကပေါင်းလာသူဖြစ်သည်။
မြတ်နိုးက စုထက်၂နှစ်ငယ်သော်လည်း ပေါင်းတာကြာပြီဖြစ်သောကြောင့်သူငယ်ချင်းအရင်းချာကြီးတွေလိုဖြစ်နေသည်။

"မြတ်နိုး...နင်ခုနကဘာစားနေတာလဲ"

"အချဉ်ထုပ်ပါမာမီ...စားမလား"

မြတ်နိုးကပြောရင်းအချဉ်ထုပ်ကိုထုတ်ပြသည်။

"ညည်းတို့တွေကလည်းထမင်းစားချိန်နီးနေပြီပဲကို"

"ဟာ..ထမင်းလည်းစားနိုင်ပါတယ်မာမီရယ်"

"ဒါနဲ့မိစု..ညည်း chapter 12 အကုန်ပြီးပြီလား"

"Section တစ်ခုတော့ကျန်သေးတယ်မာမီ"

"ဒီနေ့အဲ့ဒါဖြတ်မယ်...မနက်ဖြန် 1 to 7 revision......"

ငယ်ရွယ်စဉ်ထိုအချိန်များကတည်းက စုတို့ပေါင်းလာခဲ့သည်မှာ ခုထိဖြစ်၏။

"နိုးပြီလားစု"

"အင်း"

အိပ်မက်မက်နေခဲ့ပြန်ပြီပဲ.......။
ညကမူးပြီးအိပ်ပျော်သွားသည်ထင်သည်။ အိမ်ကိုဘယ်လိုပြန်ရောက်လာခဲ့သလဲ စု မသိတော့ပါ။

"စိတ်ဆိုးနေသေးလား"

"ဟင့်အင်း"

မြတ်နိုးကစု၏နှဖူးကိုခပ်ဖွဖွနမ်းရှိုက်လိုက်သည်။

"တောင်းပန်ပါတယ်..တို့နောက်ဆိုမရစ်တော့ဘူးနော်...အတူတူရှိလာတာ
ကြာလာတာတောင်နားမလည်ပေးနိုင်ခဲ့လို့..တောင်းပန်ပါတယ်"

"ရပါတယ်မမရဲ့မြတ်နိုးလေးရဲ့"

"စုအရင်ကတွဲခဲ့တဲ့ကောင်တွေရှိတာသိပါတယ် ပထမဆုံးမဖြစ်ရင်တောင် အချစ်ဆုံးနဲ့နောက်ဆုံးဖြစ်ချင်တယ်....သိရဲ့လား
I need you more than your boyfriends
သူတို့က တစ်ခြားမိန်းကလေးတွေနဲ့အဆင်ပြေရင်တောင် တို့ကစုကိုပဲ
လိုအပ်တာမို့........
အခု..စုဘဝထဲကိုရဲရဲဝံ့ဝံ့ဝင်လာပြီး စုကိုပဲချစ်တော့မယ်....
စုကကန်ထုတ်ရင်တောင်မရမကဆွဲထားမှာမို့လို့......
အရမ်းချစ်တယ်စုရယ်......
မြတ်နိုးတစ်ယောက်ကိုပဲအချိန်ပေးပါတော့....စုအနားကိုမြတ်နိုးရောက်  လာပြီမို့.....မြတ်နိုးတစ်ယောက်တည်းကိုပဲချစ်ပါတော့နော်"

The one pale and delicate(Unicode Version)Where stories live. Discover now