Part 9

1.9K 142 0
                                    

မီ မနက်စောစောထပြီး မနက်စာပြင်သည်။ မကိုမစောင့်တော့ပဲ
Sticky note သာချန်ခဲ့ပြီး အလုပ်အရင်သွားနှင့်သည်။
မဟုတ်လျှင် မမျက်နှာကို ဘယ်လိုကြည့်ရမည်မသိ။ အရင်ကတည်းက
မီက ဤသို့ ရှောင်ပြေးတတ်သူဖြစ်သည်။
သို့သော် မီက ကံကောင်းတတ်သည်။ မီအလုပ်သွားမှ မ အခန်းကတံခါးပွင့်လာသည်။
Note ထဲတွင်

"ညကအတွက် မီတောင်းပန်ပါတယ် မနက်စာပြင်ထားတယ်
ဒီနေ့တော့ ဆေးရုံကို လိုက်မပို့တော့ဘူး ဒါပေမဲ့ Grab Taxi ခေါ်ထားခဲ့ တယ် ညနေစာလည်း အိမ်မှာ မစားဖြစ်ဘူး အိမ်ပြန်နောက်ကျမယ်
မစောင့်ပဲ အိပ်နှင့်ပါ"

တကယ်တော့ မက မီ့အခန်းတွင် မအိပ်သည်က မနေ့ညက ပထမဆုံးဖြစ်သည်။

...................

ကုမ္ပဏီရောက်မှ သတိရသည်။ ဒီကနေ့ မ၏ မင်္ဂလာပွဲအတွက် ကော်ဇောနီနှင့်ကိတ်ကို ပြင်ဆင်ရဦးမည်ပဲ။

"ငထက်ရေ......"

"ဘာလား နင်ကအော်ကြီးဟစ်ကျယ်နဲ့ ဒီနေ့ ကိတ်သွားပြင်မှာနော်
ကော်ဇောရော"

"အေး ငါလည်း အဲ့ဒါပြောမလို့ ကိတ်ကတော့ လုပ်မဲ့ restaurant မှာ
အရင်ပြောကြည့်မယ်လေ ကော်ဇောကတော့ အရင်ပွဲတုန်းက သုံးတဲ့ဟာ
အဲ့ကုမ္ပဏီက အဆင်ပြေတာပဲ "

"အေးဟေ့ ကော်ဇောကတော့ ငါဖုန်းဆက်ထားပြီးပြီ ခုကိတ်သွားပြင်ကြမယ် လမ်းပိတ်နေဦးမယ်"

"တော်လိုက်တာ ငါ့သူငယ်ချင်းလေးက ငါလုပ်စရာတောင်မကျန်တော့ဘူး"

"ပါးစပ်ကလေးနဲ့ မလုပ်နဲ့လေ ချိမ ညနေက တစ်ဝိုင်းလုပ်လိုက်"

"ချိကို တစ်ဝိုင်းမကျွေးနိုင်ပါဘူး ဘယ့်နှယ် ဖုန်းလေးတစ်ခါဆက်ပေးတာကို ချီးကျူးလို့ကိုမရဘူး ကောင်စုတ်"

"အေးပါဟာ နင်ကလဲ ခုတော့ နင့်ကားပဲယူခဲ့တော့ သွားမယ်"

...................

တကယ်တော့ December Restaurant ပင်ဖြစ်သည်။

"ဘဲကြီးက မိုက်တယ်ဟ December ကလူက သူ့အသိတဲ့ ဒါပေမဲ့ ဘာလို့ ငါ့တို့ကိုပွဲအပ်လဲသိလား"

"ဘာလို့"

"ငါတို့ဆီကလူကလည်း သူ့အသိမို့လို့ပေါ့ ဘဲက သူ့အိမ်ကလည်း ကျေထောက်နောက်ခံ ကောင်းတယ်ဆိုပဲ အဲ့ဒါကြောင့်လဲ ခုလို အသိအကျွမ်းများနေတာပေါ့"

"အင်း"

မန်နေဂျာကို တွေ့ကြည့်ပြီး စကားပြောခဲ့ရပါသည်။ တကယ်တော့
မန်နေဂျာဖြစ်သူက မီတို့ထက် အသက်နည်းနည်းပိုကြီးသည်။ ဖော်ရွေပုံရသည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ ကိတ်အကြောင်းကို လိုချင်သည့်အတိုင်းအားလုံးပြောခဲ့ပြီး စားဖိုမှူးဖြစ်သူကလည်း အဆင်ပြေကြောင်းပြောခဲ့သည်။  မန်နေဂျာက အစ်မက မပြန်ခင် visiting card ပါပေးလိုက်သည်။ အတော် ဖော်ရွေပြီး

"မကြာခဏဆက်သွယ်ရအောင်ညီမလေး" ဟု

ပြောသည်ထိ ပွင့်လင်းသည်။ မီကတော့ ကိုယ့်ထက်ကြီးသူတွေနှင့်သာ
ပေါင်းနေကျဖြစ်၍ အဆင်ပြေပါသည်။ မပြေသည်က ငထက်ဖြစ်သည်။ ကားပေါ်ရောက်သည်နှင့် ပြောလိုက်သည့် သူမအကြောင်း။
ဟိုအစ်မ၏ visiting card ပေးလိုက်တော့မှ သူလည်း ငြိမ်တော့သည်။

"ရွှေရည်တဲ့ Aigoo ချောလိုက်တာဟာ ငါမတရားတွေကြွေနေပြီ
မေလွင်မရယ် ငါ့ကို နည်းနည်းကူညီစမ်းပါဟနော် အဆင်ပြေရင် တစ်ဝိုင်းပါဟာ"

"အေးပါဟာ နင်ကလဲ အတင်းနဲ့ အဓမ္မကိုပဲ သူနဲ့ ပတ်သတ်တဲ့အလုပ် အကုန်နင့်ကိုပေးမယ်ဟုတ်ပြီလား"

"အေးပါ ငါ့ရဲ့မေလွင်လေးက အကောင်းဆုံးပဲ"
ကားရပ်ချိန်တွင် ငထက်က မီ့ဆံပင်ထဲ လက်ချောင်းများထည့်၍ ထိုးဖွလိုက်ပြီး သူ့ခေါင်းနှင့် ခေါင်းချင်းဆိုင်လိုက်သည်။ မီကတော့ ငယ်သူငယ်ချင်းမို့ ပြသနာမရှိ။ အကျင့်တွေအားလုံး သိပြီးသားဖြစ်သည်။
မသိသည်က မ ဖြစ်သည်။ စားသောက်ဆိုင်ရှေ့တွင် ကားရပ်မိသည်ကို
သတိမထားမိသည့် မီကပင် မှားပေမည်။ မ က ထိုဆိုင်တွင် စားနေကျ
မဟုတ်ပါလား။ တကယ်ပဲ မီတို့ကို မကမြင်ပြီး ထိတ်လန့်သွားပုံရသည်။
ထို့နောက် မ ပြေးထွက်သွားသည်။
မဖြစ်..မဖြစ်။ မနောက်ကို မီပြေးလိုက်ခဲ့သည်။

"မ မရေ..... နေပါဦး မရယ် မီရှင်းပြပါရစေ"

"မရှင်းပြနဲ့ရတယ် အဲ့ဒါ သူငယ်ချင်းပဲ မဟုတ်လား အမြဲအဲ့လိုပဲလား
သူငယ်ချင်းဆိုပြီး အဲ့လိုနေလို့ ရတယ်မဟုတ်လား"

"မဟုတ်ဘူး မ မီတို့က တကယ်....."

"တော်ပြီ သွားစရာရှိတယ် ဟင်.....ကို"

မီ့ထက် အရပ်အနည်းငယ်ပိုရှည်ပြီး ခန့်ခန့်ညာညားရှိသော ဥပဓိရုပ်နှင့်
လူတစ်ဦးကိုတွေ့လိုက်ပြီး ထိုလူကို မက ကို ဟုခေါ်လိုက်သည်။

"hrrr.....shit"  မီ့စိတ်ထဲကကြိတ်၍ ပြောလိုက်မိသည်။ ဒါဆို သူက....
မီကတွေးရင်း မက ထိုလူကို လက်ဆွဲပြီး ထွက်သွားသည်။
မီတကယ်ကို မလိုက်ဝံ့။

ဝေးပြန်ပြီ။

#1259

The one pale and delicate(Unicode Version)Where stories live. Discover now