Part 12

1.8K 131 0
                                    

ကြယ်စင်သန့်က မီ့အချစ်ရဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်သည်။
ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် သောက်ဖော်သောက်ဖက်ကြီးဖြစ်ပြီး မီ့ထက် ၅နှစ်ပိုကြီးသည်။

"ပြော မကြယ်"

"အင်း ညနေသောက်ရအောင် အရင်ဆိုင်ပဲ မီနူးအသစ်ထွက်တယ်တဲ့"

"အဖွားကြီးနဲ့ အဆင်မပြေပြန်ဘူးလား" (🤣🤣)

"နွားစကားတွေဟယ် လာမှာသာလာစမ်းပါ"

"အင်းပါ ၆နာရီလောက် VIP အခန်းလိုချင်တယ်"

"ငါကမကြယ်ရဘူး နင်ပဲကျယ်နေ" (ဘဝင်မြင့်တာကိုပြောပါတယ်)🙄

"ဘာလဲ မကြယ်ရ မိန်းကလေးနှစ်ယောက်သောက်စားနေမှာ မြင်မကောင်းဘူးလေ"

"တော်စမ်း ဒါပဲ လာခဲ့တော့"

မကြယ်က ပြောရင်း ဖုန်းချသွားသည်။ သူကလည်း တကယ် ချစ်စရာဖြစ် သည်။ အဆင်မပြေတိုင်း ဖုန်းဆက်ရသည်မှာ သူ့ကိုဖြစ်သည်။
ယခုသူခေါ်ပြီဆိုတော့ သွားရမည်။ ချစ်မွှေးပါသူ ထိုမိန်းမလေးက မီနှင့်
မအကြောင်းကို အခြားသူများထက်ပိုသိသည်။
ထို့ကြောင့်လည်း ခင်တွယ်နေမိသည်ထင်သည်။

.................

ရောက်သည်နှင့် စားပွဲပေါ်တွင် ပုလင်းတွေလဲနေပြီဖြစ်သည်။
ဉာဉ့်နက်မရောက်သေး သူက မူးချင်နေပြီ။

"လာ ကလေးမ နောက်ကျလိုက်တာ"

"sorry အသန့်လေး ကားကြပ်တယ်လေ ပြောပါဦး ဘယ်လိုဖြစ်လဲ
၂ ပုလင်းတောင်ကုန်နေပြီ"

"အဖွားကြီးပေါ့အေ ငါလေ......" အစချီသော ကိုယ်တိုင်ရေး ငိုချင်းကို
မီ ရင်ဘတ်ကြီးနှင့် နားထောင်ပေးခဲ့သည်။ သူတို့နှစ်ယောက်ကလည်း
တကယ်မလွယ်။
သောက်လိုက်စားလိုက်နှင့် မကြယ် ငိုနေသည်မှာ ၁နာရီခွဲလောက်ရှိပြီ။
ခက်သည်က သူ့စကားဆို နားထောင်ရမှာ သိပ်တော့ မငြီးငွေ့လှ။
အမြည်းလောက်ပင်ကောင်းသည်။ ထို့ကြောင့် အရက်ဖြတ်မည်ဟူသော ကတိကိုလည်း မတည်နိုင်ပါ။

"ညီမလေး နင်ရော.....နင့်မမနဲ့ အတူတူနေနေတယ်ဆို"

"အင်း ဒီနေ့ပဲ ပြန်သွားတယ် သူ့ဘဲဆီကို"

The one pale and delicate(Unicode Version)Where stories live. Discover now