Part 18

1.7K 127 0
                                    

ဘားထဲတွင် မကြားတစ်ချက်ကြားတစ်ချက်ဖြစ်သော သီချင်းသံက
ပျံ့လွင့်နေသည်။ သေချာနားစိုက်ထောင်ကြည့်တော့ မကြာခင်က
နာမည်ကြီးခဲ့သော Someone You Loved ဟူသည့်သီချင်းဖြစ်သည်။

"အစ်မထပ်ထည့်ဦးမှာလား"

အရက်ငှဲ့ပေးနေသောကောင်လေးက မီ့ကိုကြည့်၍ပြောသည်။
သူ့ကိုပြန်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်မိသည်။ ပြီးတော့ထိုတစ်ခွက်ကို
ဆက်သောက်ရင်း မျက်ရည်များပါကျလာသည်။

မက မီအရက်သောက်လျှင်မကြိုက်။
မကို သိပ်ချစ်ပါလျက်နှင့် မချစ်ဘူးဟုပြောထွက်သည့် မီ့ကိုမီ အပြစ်တင်မိ
သည်။ ဘယ်လောက်ပဲသေဖို့နီးနေပါစေဦးတော့လေ။
ခဏပဲဖြစ်ဖြစ် ဆွဲထားသင့်သည် မဟုတ်ပါလော။ ခုတော့ချစ်ရသူကို
ကိုယ်တိုင်သူများလက် အပ်နေသယောင်။မီက အတော်ဆိုးသည်ပဲ။
ခုတော့....ခုတော့  တစ်သက်လုံးစာဝေးပြီ

"အရင်က...မနီးခဲ့ရုံလေး...ခုတော့ဝေးပါဝေး..."
မီက ခပ်တိုးတိုးညည်းဆိုပီးပြုံးလိုက်သည်။
ဘဝကတကယ်စုတ်ပြတ်သတ်နေသည်။

"ညီမလေး...ပြန်ရအောင်လေ..နောက်ကျနေပြီ"
Teddy အသံကိုကြားလိုက်ရသော်လည်း သိပ်တော့မအံ့သြလှ။
သူက မီ ဘာလုပ်လုပ်အကုန်သိသည်။

"အင်း...တစ်ခွက်ပဲ..Teddy"

"ဘယ်နှခွက်တောင်ရှိနေပြီလဲကွယ်"

"ဟိုတစ်ယောက်ကို အိမ်ပြန်ပုိ့လိုက်ပြီးပြီလား"

"အင်း...သူ့ကိုတကယ်မချစ်ခဲ့ဘူးလား"

"ဟိဟိ"
မီ တကယ်ရယ်ချင်သည်။ အတော်လည်းဝင်ပြီးပြီဆို မူးနေပြီဆိုတာလည်းသိသည်။

"ဘယ်လိုပြောလိုက်တာလဲကိုကိုရယ်.....
ငါလေ တစ်သက်လုံးသူ့ကိုပဲချစ်ခဲ့တာ စတွေ့ကတည်းက ခုထိ
ငါ့ရင်ဘတ်ကြီးက သူ့အတွက်ဆို မပြောင်းလဲတာ သြချလောက်စရာဟာ
နင်သိလားကိုကို ငါသူ့ကိုပဲချစ်ခဲ့တာ"

မီတကယ်နာကျင်ရသည်။ ကိုကိုကလည်မလှုပ်မယှက်နားထောင်နေသည်။

"ပြောညီမလေး....ငါတစ်ညလုံးဆိုလဲနားထောင်ပေးမယ်"
ကိုကိုက သည်လိုချစ်စရာကောင်းသည်။

The one pale and delicate(Unicode Version)Where stories live. Discover now