Part 23

1.7K 108 1
                                    

လီလီအလုပ်လုပ်သည့်ရုံးကနေရာကောင်းကလေးတွင်ဖြစ်သည်။
မြို့ထဲမို့ အချက်အချာကျသော်လည်း သိပ်တော့မဆူညံ။
နှစ်သိမ့်ဆွေးနွေးဖို့ အဆင်ပြေသည်ပြောရမည်။
မီကအစကတည်းကနားထောင်ပေးတတ်သူမို့ သည်အလုပ်ကအဆင်ပြေ
မည်ဟုယုံကြည်သည်။

"ဟေး...လီလီ"

ခပ်ဝဲဝဲအသံနှင့်ပြောလိုက်သောထိုလူသည် ဂျာမန်လူမျိုးဟု လီလီက
ကပ်ပြောသည်။

"Hi....ကိုယ်ကညီခန့်ပါ"

မျက်ခုံးပင့်သွားသောမီ့ကိုကြည့်ရင်း သူကထပ်ပြောသည်။

"ဗမာနာမည်ပေါ့"

"တို့ကမီပါ....မေမီလွင်"

"ဟုတ်ပြီ...မီ..မင်းက လက်ခံဆွေးနွေးပေးရမှာနော်"

"အင်း"

"နားထောင်ပေးတတ်ရဲ့လား"

"အမြဲတမ်းပါပဲ"

"ကိုယ်ကတော့ မင်းကိုလီလီနဲ့အတူ U.K မှာအတွေ့အကြုံသွားယူစေချင် သေးတယ် ဒီမှာပဲလုပ်ချင်တယ်ဆိုလဲ ရပါတယ်ဒါပေမဲ့ ဟိုကိုသွားရင်
ပိုကောင်းတာပေါ့ ပြီးတော့မင်းအတွက်လည်း ဒီမှာအလုပ်တစ်နေရာအမြဲရှိနေမှာပါ"

လီလီ့ကိုတစ်ချက်ကြည့်တော့ ဒင်းလေးကရယ်နေသည်။
သူပြောထားသည်ထင်၏။

"လီလီ......"

"ငါးနှစ်လောက် Master သွားတက်မှာမို့ ငါနဲ့လိုက်ခဲ့ပါမေမီ...."

ပြောရင်း လီလီကမီ့လက်ကိုဆုပ်ကိုင်လိုက်၏။

"ငါနင့်ကိုပြန်လိုချင်တယ်...ငါအရင်လိုမဆိုးတော့ပါဘူး...ငါ့ကို
အခွင့်အရေးတစ်ကြိမ်ပဲပေးပါ။ နင်သိလား ငါအရင်ကလိုမာနမကြီးတော့ဘူး ပြီးတော့နင်ကလွဲရင်တစ်ခြားလူတွေကို အကြာကြီးသဘောမကျနိုင်ဘူး
ငါ့ရင်ထဲမှာတစ်ခါက ကတ်သလစ်ကောင်မလေးပဲရှိတာ"

"အင်းပါ..ငါနင်နဲ့လိုက်ခဲ့မယ်"

.................

"ဘာ.....မီလေးနင်ဟိုကပြန်လာတာမကြာသေးဘူးလေ ပြီးတော့နင်ဟိုမှာ
တစ်နှစ်တောင်နေခဲ့ပြီးတာလေ...ခုပြန်သွားဦးမလို့လား ညီမလေးနင်
ဖေဖေနဲ့မေမေကို ပြန်ကြည့်သင့်ပြီနော် သူတို့လည်း နင့်ကို
သတိရနေရောပေါ့"

The one pale and delicate(Unicode Version)Wo Geschichten leben. Entdecke jetzt