မနက်မိုးလင်းက မှောင်မိုက်လွန်းသည်။ ပြတင်းပေါက်ကလည်း အလင်းမဝင်။ အညှိုးအတေးနှင့်ကိုက်နေသည့်ခေါင်းကို မနည်းမကာ အိပ်ယာမှ ထသည်။ ဘေးက မီးအိမ်လည်း ပျက်နေပုံပေါ်သည်။ ခလုတ်နှိပ်သည်လည်း မီးကလင်းမလာ။ တရွေ့ရွေ့နှင့် အခန်းတံခါးဆီရောက်အောင်သွားရသည်။
အခန်းတံခါးကို ဖွင့်လိုက်သော်လည်း အပြင်ဘက်က အရာအားလုံးက မှောင်မိုက်နေသည်။ တစ်ခုခုတော့ မှားနေလေပြီ။
ထိုအချိန် နှာခေါင်းထဲမှ တစ်စုံတစ်ခုကို ခံစားမိသည်။ စမ်းကြည့်လိုက်တော့ စေးပျစ်ပျစ်အရာများဖြစ်ပြီး သံအနံ့ရသည်။ သေချာသည်။ သွေးတွေ ဖြစ်မည်။ ထို့နောက် ခေါင်းက ကိုက်ခဲနေသည်များ ပျောက်သွားပြီး တစ်ဖန် မီလဲကျသွားသည်။ မီသေတော့မှာများလား..............................
"မီ...မီလေး မမပြောတာကြားလား"
"မခြူး ဘာလုပ်နေတာလဲ"
"မခြူးကို မြင်ရလား မခြူးဘာဝတ်ထားသလဲ"
"ဂျူတီကုတ်လား"
"အင်း ကလေးက လိမ္မာတယ်နော် nurse ဓာတ်မှန်ပြင်ပါ ပြီးတော့......"
မခြူး၏ စကားများက တဖြည်းဖြည်း တိုးညှင်းသွားပြီး မျက်ခွံများ လေးလာသည်။ ထို့နောက် မီအိပ်ပျော်သွားဟန်တူသည်။
မီက တကယ်ဆိုးသည်။ ဘယ်နေရာရောက်ရောက် အိပ်သည်။ ခုတော့
မခြူးကို အားနာစရာ။
အိပ်ပျော်သွားပြီထင်ခဲ့တာ မ ဆီရောက်နေပါပေါ့လား။"မ မရေ"
မက မီ့ကို ဂရုမစိုက်ပဲ ရှေ့ကိုဆက်လျှောက်သွားသည်။ ပြီးတော့ တစ်စုံတစ်ဦးက မကို ထွေးပိုက်လိုက်သည်။
မ နောက်ကိုလိုက်နေသည့် မီ့ခြေလှမ်းများ ရပ်တန့်လိုက်ပြီး အကြင်လူနှစ်ယောက်ကို စူးစိုက်ကြည်နေမိသည်။ ထိုသူက မကို ပွေ့ထားရင်း မီ့ကိုကြည့်ကာ အောင်နိုင်သူတစ်ဦးအသွင် မဲ့ပြုံးပြုံးလိုက်သည်။
ထိုအပြုံးကို မီမုန်းသည်။
မက ထိုလူ့ရင်ခွင်ထဲတွင် ပြုံးပျော်နေသည်။ မ၏ အပြုံးများက မီ့ကို နာကျင်စေမှန်း ခုမှသိသည်။
ဝေးရင်း..... ဝေးရင်း... မီမျက်ရည်များကျလာဟန်တူသည်။
ပြီးတော့ မီ့တစ်ကိုယ်လုံး အေးလာသည်။ လောကကြီးက မှောင်စပြုပြီး
မီအသိစိတ်လွတ်သွားပြီ ထင်သည်။
ဘဝကြီးက စုတ်ပြတ်လွန်းသည်။
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...