"ကို...." ဆောင်း၏မဝံ့မရဲအသံကလေးကအခန်းထဲပျံ့လွင့်လာသည်။
ကိုတစ်ယောက် ရန်ကုန်ကိုပြောင်းလာကြောင်းကိုလည်း ရန်ကုန်ရောက်မှသိခဲ့ရသည်။ ထို့ပြင်ပြန်တွေ့တွေ့ချင်းမှာပင် လက်ထပ်ရန်ပြောလာသည်။
ကိုနှင့်ပြန်တွေ့သည်က ဆောင်းအတွက် အံ့သြစရာချည်းဖြစ်သည်။
ယခုလည်း ကို့အိမ်တွင်နေရခြင်းဖြစ်သည်။ အဒေါ်တွေကဖော်ရွေသည်မို့
့ဆောင်းအနေရမခက်သော်လဲ မတွေ့တာကြာသည့်ကို့ကြောင့်
အသက်ရှူကြပ်ရသည်။ လမ်းတွင်တွေ့ကတည်းကမီနှင့်လည်း
တွေ့ခွင့်မပေး။ ဆေးရုံကိုလည်း သူကိုယ်တိုင်လိုက်ပို့သည် ။
ဆောင်းဘဝကြီးအတွက် တကယ်ဗရမ်းဗတာဖြစ်နေသလို ခံစားရသည်။
မဖြစ်တော့။ ဆောင်းဖွင့်ပြောချင်ပြီ။"ပြောလေဆောင်းလေး" ကိုက ဆောင်း၏မေးဖျားကိုအသာဆွဲယူကာ
နှုတ်ခမ်းပါးကိုနမ်းရှိုက်လိုက်သည်။
(တယ်လေ...သင်းကပိုင်စိုးပိုင်နက်🤦)ဆောင်းကလည်းရုတ်တရက်မို့လန့်သွားမိသည်။
ထို့နောက်မီ့ကိုသတိရစိတ်နှင့်အတူအပြစ်ရှိသည့်စိတ်ကအတွေးထဲဝင်လာသည်။"ဟိုလေ...ဆောင်းတုိ့မင်္ဂလာမဆောင်လို့မရဘူးလား"
"ဘာ..ဘာလို့လဲဆောင်းရဲ့ရက်ကလဲသိပ်မှမကွာတော့ပဲ"
"ဆောင်းဘဝလေးနဲ့ဆောင်း နေသားကျနေပြီ
ခုမှ မင်္ဂလာဆောင်ဖို့ရာ သိပ်နောက်ကျနေ....""ဆိုတော့ကိုယ်နောက်ကျလို့ မင်းကမင်္ဂလာမဆောင်ချင်ဘူးပေါ့"
"အဲ့ဒါထက်ဆောင်းဘဝက....."
"ဆောင်းနဲ့ကိုယ်နှစ်ယောက်တစ်ဘဝလုပ်လို့မရဘူးလား"
"နှစ်ယောက်တစ်ကမ္ဘာတို့ ဘာတို့က ကလေးအတွေးတွေလေ
ပြီးတော့ဘဝဆိုတာက......" မီ့စကားများကိုနားထဲကြားယောင်မိသည်။"ရူးသွပ်စရာပန်းချီကားတစ်ချပ်ပဲလေ"
မှိုင်းပြပြမျက်နှာနှင့်ဆောင်းကို ကိုကစိတ်မရှည်လာဟန်တူသည်။"အဲ့ဒီတော့ ခုချက်ချင်းလက်ထပ်ပွဲကို ဖျက်လိုက်ရမှာလား
မင်းဆောင်းသက်နှင်းရောဟုတ်ရဲ့လား။ ဒါမှမဟုတ်မင်းဟိုကောင်မလေးကိုချစ်နေသေးတာလား"
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...