"ဟေး...ညီခန့်..."
"ဟေး..မေမီလွင်...မတွေ့တာကြာပြီ"
မြန်မာစကားကို ဂျာမန်သံပေါက်အောင်ပြောသော ထိုမိတ်ဆွေဟောင်းကိုအကူအညီတောင်းရန်ထိုရုံးခန်းဆီသို့ပြန်သွားခဲ့သည်။
"အင်း...အကူအညီတောင်းစရာရှိလို့"
"မင်းကို လီလီနဲ့အတူရှိနေမယ်ထင်ခဲ့တာ"
"ကိစ္စလေးတစ်ခုရှိလို့ ဒီကိုပြန်ရောက်လာတယ်ဆိုပါတော့"
"ပြောပါ..ဘာကိစ္စလဲ"
"ညီခန့်ကရှေ့နေဆို..."
"ဟုတ်တယ်လေ...အခုတော့ အမှုသေးသေးပဲကိုင်တယ်"
"မီလည်း အမှုတစ်ခုအပ်ချင်လို့"
"ဘာအမှုလဲ...မြန်မာပြည်ကိုပြန်ရောက်လာစေတဲ့အမှုလား"
"အင်း....အဲ့လိုပဲပြောရမှာပေါ့"
ထိုနောက် ကိုအောင်ကျော်နှင့်ပတ်သတ်သည့် တစ်ချို့အချက်အလက်များကို ပြောပြလိုက်သည်။
"ဒီ့ထက်တိကျတဲ့သက်သေတွေသာရှိရင်တော့ သူ့ကိုချက်ချင်းဖမ်းဆီးနိုင်ပါတယ်..ခုတော့ သူ့ကိုကာဣိနြေ္ဒပျက်ပြားစေမှုလောက်ပဲ စွဲလို့ရမှာ....
သိပ်ပြီးတော့ နှစ်မရှည်ဘူးပေါ့လေ""အဲ့အတွက်သက်သေကို ထပ်ပြီးရှာလိုက်ပါဦးမယ်"
..........
ကိုကို့အိမ်ပြန်ပြီး ရေချိုးအဝတ်အစားလဲကာ ထမင်းစားပြီးမှ
မ အိမ်ကိုပြန်ထွက်ဖို့ပြင်သည်။"ဘယ်သွားဦးမှာလဲ...မဆောင်းအိမ်ပဲလား"
"အင်းပေါ့...ကလေးအမေလောင်းကြီးရဲ့"
"ဒီမှာရှိတုန်း ငါတို့နဲ့လည်းနေပါဦးဟာ..ငါချက်တဲ့ဟင်းကမကောင်းလို့လား"
ကလေးတစ်ယောက်ကိုလွယ်ပြီး ကလေးတစ်ယောက်လိုပြောနေသော
ပေါက်ပေါက်ကို မီ ကရုဏာသက်စွာကြည့်မိသည်။"မဟုတ်ပါဘူးကွယ်...သူကသူ့သမီးလေးနဲ့နှစ်ယောက်တည်းနေတာလေ
ငါရှိနေတော့ပိုလုံခြုံတာပေါ့...နင်ချက်တဲ့ဟင်းတွေကစားကောင်းပေမဲ့
ကလေးကိုငဲ့ပြီးအလုပ်တွေသိပ်မလုပ်ပါနဲ့နော်...ဟုတ်ပြီလား.."
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...