Part 33

1.4K 94 1
                                    


"ဘာ..မီအခုချက်ချင်းပြန်လာခဲ့မယ်"

"နေဦး....နင်အဲ့လိုလုပ်လို့ ဘာအကျိုးမှမရှိဘူးနော်...ဟိုကနင်နဲ့ဘာမှ
လည်းမဆိုင်တော့ဘူး..နင်လာလို့ရော...ဟိုကဘာလုပ်ရမှာတုန်း"

မခြူး၏စကားကခေါင်းထဲကိုနာနာကျင်ကျင်ဝင်ရောက်သွားသည်။
ဟုတ်သား...။
ကိုယ်လက်လွှတ်လိုက်တာ မှားများသွားခဲ့သလား...။

"မီ...ခဏတော့လာခဲ့မယ်..လိုတာရှိရင်..မီ့ဆီကအကူအညီရလိုရငြားပေါ့"

"ပြောမိတာမှားတယ်..နင့်သဘောပဲ"

မခြူးကဖုန်းချပစ်လိုက်သည်။ အတော်စိတ်ဆိုးနေပုံရသည်။

မဆောင်းတစ်ယောက်အဆင်ကောပြေပါ့မလား။
အမရာလေးကလည်းရှိသေးသည်ကို...တစ်ယောက်တည်း ရပ်တည်ဖို့
ခက်မည်ထင်သည်။
မီသွားလျှင်တော့ သူတို့အတွက်အကူအညီတစ်ခုခု ရကောင်းရနိုင်မည်။

"မီ မြန်မာပြည်ခဏပြန်မလို့...မေနဲ့ဖေရော..လိုက်ချင်လားဟင်"

"အင်း...ဒီမှာနေလာတာ ၃နှစ်တောင်ရှိနေပြီပဲ...ပြန်မယ်ဆို လိုက်မယ်
သားကြီးမိန်းမလည်းကိုယ်ဝန်ကြီးနဲ့မဟုတ်လား....မေမေကသူ့ကိုလည်း
စောင့်ရှောက်ချင်သေးတာ..."

ဟုတ်သည်။
ပေါက်ပေါက်ကလည်း ကိုယ်ဝန်ကြီးနှင့်ဖြစ်သည်။
ထိုသတင်းကြားစက ပျော်မိသော်လည်း မြန်မာပြည်ကိုပြန်ဖို့တော့
အစီအစဉ်မရှိခဲ့။
မဆောင်း၏ အမျိုးသားဆုံးသွားသည်ဟု မခြူးပြောတော့အတော်လန့်သွားမိသည်။
သူမ...အဆင်ပြေမှပြေပါ့မလားလေ....။

................

"အကြာကြီးတော့မလွှတ်ဘူး"
လီလီ့ကို မြန်မာပြည်ပြန်မည့်အကြောင်းပြောတော့ သူမကထိုသို့ဖြေသည်။

"နင်သွားတဲ့အကြောင်းရင်းက ဟိုအစ်မယောက်ျားဆုံးသွားလို့ဆိုတာ
ငါမသိပဲနေမယ်များ ထင်နေလား"

"မရွှေရည်ပြောတာလား"

"ဒါဆိုဟုတ်နေတာပဲ..နင်ဟာ..ခုထိသံယောဇဉ်မပြတ်သေးဘူးလား
ဟိုကဖြင့် နင့်ကိုထားခဲ့ပြီးယောက်ျားယူသွားတာလေ"

"နင်လျှောက်မပြောနဲ့...ငါတို့က..ငါက...သူပိုပျော်မယ်ထင်တာကို....
ပေးလုပ်လိုက်တာ...နင်နောက်တစ်ခါ ငါတို့အကြောင်းမဆင်မခြင်ပြောရင် ငါတို့နှစ်ယောက် သူငယ်ချင်းတောင်ဖြစ်ကြတော့မှာမဟုတ်ဘူး"

The one pale and delicate(Unicode Version)Where stories live. Discover now