Part 4

2K 175 2
                                    

အခန်းထဲသို့ နေရောင်ကျလာမှ မီလည်းအိပ်ယာနိုးသည်။
ဒီနေ့လည်း မက မီ့ဘေးတွင် ခွေခွေကလေးအိပ်နေပြန်သည်။
ဒီနေ့တော့ ဖက်မထားလိုတော့။ မနေ့ကပဲ ပိုင်ရှင်ရှိသည်ကို ပြန်လည်
သတိရသွားပါရော့လား။
မ မနိုးအောင် အိပ်ယာမှ ခပ်သာသာထပြီး ရေအရင်ချိုးသည်။
ရေချိုးပြီး မီးဖိုချောင်သို့သွားသည်။ မီးဖိုချောင်တွင် မ က မနက်စာပြင်နေဟန်တူသည်။ နောက်ကျောကလေးကို တကယ်ပဲ ပွေ့ဖက်ထားချင်မိပြန်သည်။ မနှင့် ပတ်သတ်သော လောဘစိတ်တို့က အမှန်ပင် အတောသတ်နိုင်စရာမရှိ။

"နိုးပြီလားမီ"

"ဘာလို့ မီ့အိပ်ယာပေါ်ရောက်နေရပြန်တာလဲ"

"တစ်ယောက်တည်းအိပ်ရမှာကြောက်လို့"

"ဟိုတစ်ယောက်သိသွားရင် မကောင်းဘူး"

"မသိခိုင်းရုံပေါ့"

"ပြီးရင် မီစိတ်ကစားနေတယ်ဆိုတာမျိုး ထပ်မပြောနဲ့"

"အဲ့တုန်းက မီက ဆယ်ကျော်သက်လေ"

"ခုထိ တကယ်ဆိုရင်ရော"

" မီ "

"သွားတော့မယ် ဒီနေ့ အကြိုအပို့ မလုပ်ဘူး"

"မနက်စာ စားသွား"

"မစားချင်ဘူး"

တကယ်ပဲ မီက သူ့ကိုချစ်နေသေးသလား။ သူ့အပြုအမူတွေက မီ့စိတ်ကိုအနှောင့်အယှက်ဖြစ်စေသလား။ သက်သက်ဒုက္ခပေးရာရောက်နေမလား။
သူကရော မီ့အပေါ်...........
ဆက်တွေးရန်မသင့်ကြောင်း သူသိသည်။ ပိုင်ရှင်ရှိတယ် မဟုတ်ပါလား။
ပြောရင်းဆိုရင်း ဝင်လာသည်က သူ့ဖုန်း။

"ကို" တဲ့။
............................

မေမီလွင်တစ်ယောက် ကုမ္ပဏီတွင်လည်း စိတ်ကသိပ်မပါ။

"မေမီ...ပွဲရှိတယ် ဒီတစ်ခါတော့ မင်္ဂလာဆောင်ဟေ့"

မီ့သူငယ်ချင်း ထက်မြက်က  ပြောသည်။ နာမည်အပြည့်အစုံက
စိုင်းထက်မြက်ဖြစ်သည်။ ငယ်ပေါင်းကြီးဖော် အစစ်ပင်ဖြစ်သည်။
မွေးကတည်းက မီနှင့်ပါင်းလာသူဖြစ်ပြီး အလုပ်လုပ်သည်အထိ တူတူဖြစ်သည်မို့ မီ့အကြောင်းအသိဆုံးလူဖြစ်သည်။

The one pale and delicate(Unicode Version)Where stories live. Discover now