"ဘာ..."
လီလီ့အသံကအခန်းထဲတွင်ကျယ်လောင်စွာပေါ်ထွက်လာသည်။
"လီလီ...ငါစိတ်မကောင်းပါဘူး..."
"ငါအံသြတယ်...ဘာလဲ..ဟိုမိန်းမကြောင့်လား"
"လီလီ...!!"
"ငါတစ်ခုပဲမေးမယ်...ငါတို့၃နှစ်လုံးလုံးတွဲလာတာငါ့ကိုနည်းနည်းမှမချစ်ခဲ့ဘူးလား"
"လီလီ..."
"ငါ့နာမည်ကိုပဲခေါ်မနေနဲ့...ငါမေးတာဖြေ..ငါ့ကိုမချစ်ခဲ့ဘူးလား"
"အင်း...နင့်ကိုအချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို....
ညီမကလေးတစ်ယောက်လို...ချစ်ခဲ့ပါတယ်""ကောင်းရော...."
"ငါစိတ်မကောင်းပါဘူး"
"နင့်မျက်နှာကိုမမြင်ချင်ဘူး....သွားတော့"
"ငါတကယ်စိတ်မကောင်းပါဘူး...အရာအားလုံးအတွက်လည်း
ကျေးဇူးတင်ပါတယ်"မီ ရက်ရက်စက်စက်လှည့်ထွက်ခဲ့သည်။
အားနာပါသည်....။
................."မေမီလွင်......လာဦး"
တကယ်တော့ ကိုကိုက မီ့ ကို ထိုလေသံဖြင့် ထိုသို့ တစ်ခါမျှမခေါ်ခဲ့ဖူးပါ။
"နင်လီလီနဲ့ပြတ်သွားပြီဆို...."
"သြော်...သူလာတိုင်ထားတာလား"
"ရိုးရိုးတန်းတန်းဆို ငါမပြောပါဘူး..ခုဟာက ဆောင်းသက်နှင်းကြောင့်ဆို"
"မီ့ ဆုံးဖြတ်ချက်ပါ ကိုကို"
"နင်ဘာလို့ဆုံးဖြတ်ခဲ့သလဲ ငါသိတယ်လေ....ငါပြောမယ် မီ...
နင်က Homophobia ပါ ဆိုတုန်းက ငါဘာတစ်ခွန်းပြောခဲ့လဲ""မပြောခဲ့ပါဘူး"
"နင်ဆောင်းသက်နှင်းကိုကြိုက်တော့ရော..."
"ဆရာတစ်ယောက်လိုပဲချစ်ပါလို့...ပြောခဲ့ဖူးတယ်"
"ဟုတ်တယ်...သူက straight မို့ နင်ခံစားရမှာစိုးလို့ ပြောခဲ့တာလေ
ကဲ နင်ဂျပန်ကပြန်လာတော့ရော...ခေါင်းအကြိတ်ခွဲတုန်းကရော...
နင်သူ့အတွက်ပဲစဉ်းစားခဲ့တာလေ...နင့်ကိုယ်နင်အတွက်...မိသားစု
အတွက်စဉ်းစားခဲ့လို့လား...ဒါပေမဲ့ ငါဘာမှမပြောခဲ့ဘူးနော်...
နောက်ဆုံး နင်လီလီနဲ့တွဲတယ်....ဒါတောင်ဟိုကကြိုက်လို့..ငါတို့ကလည်း နင်စိတ်ပြေအောင်လို့ လွှတ်ထားပေးခဲ့တာ...ခုနင်ကဟိုကိုပဲပြန်သွားတယ်
လီလီ့ကို အားမနာဘူးလား....ငါတို့ကရော..ဟင်.."
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...