ချစ်ခြင်းမေတ္တာက မ ကအစပြုတယ်
မ အဆုံးမသတ်ခဲ့ရင် ဘဝမှာ နောက်ထပ် ချစ်မေတ္တာ ရှိမယ်မထင်ဘူးတစ်ရက်မှာ မ ကစပြီး ဖုန်းဆက်လာသည်။
"ဟယ်လို မီ ကလေး" (အယ့်လယ့် ကလေးဆိုပါလား)
"ဟုတ် မ မဟုတ်လား။ ပြောပါ"
"ဟိုလေ မ အဆောင်က ပိတ်တော့မှာဆိုတော့ အဆောင်သစ်မရခင် မီ့
တိုက်ခန်းမှာ လာနေချင်လို့။ မီ့ တိုက်ခန်းက အဆင်ပြေရင် မ ခဏနေ
ချင်တယ် မီနဲ့ လည်းမတွေ့ရတာကြာပြီလေ"Oh my god!!!!! စိတ်ထဲတွင်ကြိတ်၍ဟစ်အော်လိုက်သည်။ မ က
အိမ်မှာ လာနေမယ်တဲ့လား။"သြော်.....ဟုတ်။ ရတာတော့ ရပါတယ် ဘာလို့ ဟိုတစ်ယောက်အိမ်မှာ
သွားမနေလဲ"ဒါကလည်း မီ့အကျင့်။ ဟိုတစ်ယောက်က မရဲ့ ကောင်လေးဖြစ်သည်။
တွဲလာတာလည်း ၉ နှစ်လောက်ရှိပြီ ဘာလို့ မယူကြသေးလဲ စဉ်းစားမရ။"Omm... အဲ့ဒါဆိုလည်း..."
မ က Omm ဟုပြောရသည်ကို အတော်ကြိုက်သည်။ ခုထက်ထိ။
"မနက်ဖြန်လာကြိုမယ်။ Royal ဟိုဖက်လမ်းက အဆောင်မဟုတ်လား"
ဖုန်းထဲမှ မ ရယ်သံလေးကို ကြားလိုက်ရသည်။ ရင်ထဲမှ သတ္တဝါကလေးက
တဒိန်းဒိန်းနှင့်။"ဟုတ်ပြီလေ ကျေးဇူးပဲနော် မီ"
"အင်း see you tomorrow"
ဖုန်းချပြီးသည်နှင့် မီတွေးလိုက်မိသည်က မ ရော မီ့အပေါ် သံယောဇဉ်
ရှိနေသေးလား။
ထိုနေ့တွင် ဧည့်သည်ခန်းကို ပြင်ပြီး အနားယူလိုက်သည်။
နောက်တစ်ခါပြန်၍ မ အနားတွင် ရှင်သန်ရဦးမည် မဟုတ်လား။ အရင်ဆုံး
အနားယူဖို့ လိုသည်လေ။
တကယ်တော့ ၉နှစ်သောကြားကာလမှာ မီက ဂျပန်မှာ အလုပ်လုပ်ခဲ့သေးသည်။ ထို့ကြောင့်မ နှင့်မတွေ့ခဲ့သည့်ကာလကများနေခြင်းဖြစ်သည်။
ဂျပန်တွင် ကျောင်းလည်းတက် အလုပ်လည်းလုပ်၍ အတော်ပင်ရုန်းကန်ခဲ့ရချိန်တွင် မကိုလည်းမေ့သည်။ ကိုယ့်ကိုယ်ကိုယ်လည်းမေ့သည်။
ထိုမျှရုန်းကန်ခဲ့၍သာ ယခုလိုအသက် ၂၅ နှစ်အရွယ်တွင် တိုက်ခန်းကောင်းနှင့် အလုပ်ကောင်းရနိုင်ခဲ့သည် မဟုတ်ပါလော။ မီ့ တိုက်ခန်းက အိပ်ခန်း
၂ခန်းပါပြီး အတော်ကျယ်၍ အဆင်ပြေသည်။ ဈေးလေးလည်းကောင်းခဲ့ပါရော။ အမြဲနေဖြစ်နေ၍ ဒါလည်းအိမ်ပင်ဖြစ်သည်။
ထိုသို့ဆိုရလျှင် အမြဲ ချစ်နေ၍ မ သည်လည်း ချစ်ရသူပင်ဖြစ်သည်။
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...