Part 31

1.6K 101 2
                                    


"ကိုကို...၁၂ရက်နေ့တဲ့"

"နင်တို့သွားမှာမဟုတ်လား...မနက်ဖြန်..သိတယ်လေ...ဘာလို့လဲ"

"မဟုတ်ဘူး...မဆောင်းမွေးမှာ..."

"ဟင်...တကယ်လား"

"အင်း...ငါသွားချင်တယ်..ကလေးကိုမြင်ချင်လို့  ဒါပေမဲ့သူ့ယောက်ျားကို
မမြင်ချင်ဘူး"

"အင်း..မသွားတာကောင်းမှာပါညီမလေးရယ်"

ပြောရင်းကိုကိုကတစ်ခွက်သောက်ချလိုက်သည်။
တကယ်တော့ မီရော ကိုကိုပါမသောက်ဖြစ်တာအတော်ကြာပြီဖြစ်၏။
U.K မှာနေကတည်းကဖြစ်မည်။
မြန်မာပြည်တွင်နောက်ဆုံးနေရမည့်ရက်ကိုတော့ မသောက်ပဲကုန်ဆုံးချင်
သော်လည်း သည်အစ်ကိုနှင့် ၅နှစ်လောက်ခွဲခွာရဦးမှာမဟုတ်ပါလား။
ဒီညတော့ စကားတွေဖောင်ဖွဲ့ပစ်လိုက်ဦးမည်။

"ငါးနှစ်တောင်ခွဲရဦးမှာနော်..ညီမလေး"

"အင်း...ဗီဒီယိုကောခေါ်ကြမယ်လေ..သိပ်လည်းစိတ်မပျက်ပါနဲ့
အရင်ကလည်းခွဲဖူးတာပဲကို"

"အေးနော်...မင်္ဂလာဆောင်ပြီးလို့လားမသိဘူး အားငယ်စိတ်တွေ
ဝင်နေတယ်"

ကိုကို့စကားကြောင့်မီအသံကျယ်ကြီးရယ်လိုက်မိသည်။

"နင်ကလဲဟာ...."

"နင်ရော...အိမ်ထောင်မပြုတော့ဘူးလား"

"နင်သိတဲ့အတိုင်းပဲ...ငါကလက်ထပ်ထိမ်းမြားခြင်းတွေ..ဘာတွေကို
ကြောက်တယ်လေ...လွတ်လပ်ချင်သေးတယ်ဟ"

"ဒါပေမဲ့ ချစ်ရတဲ့လူတစ်ဦးနဲ့ အတူတူနေထိုင်ရှင်သန်ရတာလေဟာ
ငါတို့နဲ့တူတဲ့ကလေးတွေမွေးမယ်...ဆုံးမသွန်သင်မယ်
ကလေးတွေကိုကုတ်ပေါ်တင်ပြီးပတ်ပြေးမယ်...တွေးကြည့်ရတာတော့
ပျော်စရာကြီးရယ်...."

"အေးနော်..."

"အေးပေါ့ဟ...အလုပ်ကပြန်လာရင်မိန်းမကိုငေးပြီးအမောဖြေမယ်
ကလေးတွေကိုနမ်းမယ်...ပိတ်ရက်မှာခရီးထွက်မယ်...မိန်းမနဲ့အားကစားတူတူလုပ်မယ်...အဖေအမေဆီသွားလည်မယ်...ငါပြောမယ်ဟာ...
အိမ်ထောင်တစ်ခုကိုထူထောင်ရတာ...ပင်ပန်းမှာတော့မှန်တယ်
ဒါပေမဲ့..တန်တယ်ထင်တာပဲ...ကိုယ့်ဘေးမှာချစ်ရတဲ့လူတစ်ယောက်အမြဲရှိနေတယ်လေ....လောကဓံကိုအတူရင်ဆိုင်ခြင်းပေါ့"

The one pale and delicate(Unicode Version)Where stories live. Discover now