Part 28

1.5K 105 1
                                    


၁ ရက်....
၂ ရက်.....
၃ ရက်......

အချိန်ကုန်တာမြန်လွန်းသည်။
၁ပတ်ဆိုသည်ကလေနှင့်အတူလွင်ပါသွားသယောင်.....။

ပေါက်ပေါက်၏ မိဘများက မင်္ဂလာပွဲကိုဘုရားကျောင်းတွင်လုပ်မည်ကို
သဘောတူခဲ့ကြသည်။
အတော်ကိုချစ်စရာကောင်းသော ခမည်းခမက်များဖြစ်သည်။

St.Mary ဘုရားကျောင်းကိုခွင့်ပန်ပြီး ကော်ဇောခင်းခြင်း နေရာအခင်း
အကျင်းစီမံခြင်းတို့လည်း ပြီးခဲ့ပြီ။
မင်္ဂလာဝတ်စုံနှင့်အစီအစဉ်အားလုံးကလည်းအသင့်။

"ကိုကိုတော့အရမ်းစိတ်လှုပ်ရှားနေပြီ ညီမလေးရေ...."

ဟုတ်သည်။
မင်္ဂလာပွဲကယနေ့ဖြစ်သည်။

"အေးဆေးပေါ့....သတို့သမီးကိုသွားကြည့်လိုက်ဦးမယ်
ဒီမှာပဲငြိမ်ငြိမ်ထိုင်နေဦးနော်"

"အင်းပါဟ"

မီ့သူငယ်ချင်း သတို့သမီးလေးက သိပ်ကိုလှနေသည်။
ဆံပင်အနက်နှင့်ဝတ်စုံဖြူက သည်ကနေ့မှ ပိုလိုက်ဖက်သည်။

"အားလား...ငါ့သူငယ်ချင်းလေးကလှလိုက်တာ"

"အံမယ်...ငါကအရင်ကလဲလှပြီးသားပါနော်"

"နင်နော်...ကိုကိုနဲ့ပေါင်းပြီး မကောင်းတာကအရင်တတ်လာတယ်
နင်တို့မွေးမယ့်ကလေးတွေဘယ်လိုလုပ်မလဲ"

"အမလေးဟယ်...ငါကစတာပါ...ငါ့ယောင်းမလေးဖြစ်သွားပုံများတော့"

မီတို့တကယ်ပျော်ရွှင်ခဲ့ရသည်။

အရင်နှစ်ကသူမလည်းဒီလိုပဲပျော်ရွှင်ခဲ့ရသလား။
မီ စီစဉ်ပြီး မသွားခဲ့သောမင်္ဂလာပွဲ......
မီ့အချစ်ရဆုံးဖြစ်ခဲ့သောသတို့သမီးလေးကယခုမိခင်လောင်းပင်ဖြစ်နေပြီ။

အတိတ်ကိုထားခဲ့သင့်ပါပြီလေ..။
ဒီလိုနေ့မျိုးမှာပိုပြီးဖြစ်သင့်တာပေါ့။

...................

"Teddy...အိဖြူလင်းကို ဇနီးမယားအဖြစ် အခြေအနေအမျိုးမျိုးမှာ
ဆိုးတူကောင်းဖက် သေတဖန်သက်တစ်ဆုံးပါင်းဖက်နိုင်မလား"

(ဖာသာကစိတ်ရှည့်မည့်ပုံမပေါ်)

ပွဲ၏အရေးကြီးဆုံးအပိုင်းတွင်ကိုကို၏အသံကခပ်ကျယ်ကျယ်ပေါ်ထွက်လာသည်။

The one pale and delicate(Unicode Version)Where stories live. Discover now