Part 37

1.8K 108 2
                                    


"ဟယ်လို....အသည်းလေး...လာကြိုပါဦး...လေဆိပ်ရောက်နေပြီ"

မနက်ဖြန်ဆို နှစ်ပတ်ပြည့်ပြီး လီလီ့ဆီပြန်ရမည်မို့ သည်နေ့တော့ မတို့
သားအမိနှစ်ယောက်ကို picnic လိုက်ပို့ဖို့ သွားနေခဲ့သည်ကိုပဲ.....
ယခုဖုန်းလာတော့မှ လီလီဖြစ်နေသည်။

"မီရေ့...လာကြိုပါလို့ဆို...ငါစောင့်နေမယ်နော်"

ပြောချင်ရာပြောပြီး ချက်ချင်းဖုန်းချသွားသောမိန်းကလေးကို မီ ဘယ်လို
ုသည်းခံရပါ့။

"ဘာလဲ မီလေး...ဘယ်သူလဲ"

Seasons ဆိုင်ထဲမှထွက်လာသော မကကားပေါ်တက်ရင်း တအံတသြ
မေးသည်။

"ဟိုလေ..ဟို..umm..."

"သြော်...ဘာလဲလို့မီရဲ့"

"လီလီက လေဆိပ်မှာလာကြိုပါတဲ့"

"ဟေ...သူက ဘယ်တုန်းကရောက်တာတုန်း"

"မီလည်းမသိဘူး...ဘာမှလည်းကြိုမပြောထားပဲနဲ့"

"ရပါတယ်...ဒါဆိုလည်း သူ့ကိုပဲသွားကြိုလိုက်တော့  မတို့ ဒီကနေပဲ
အိမ်ပြန်လိုက်တော့မယ်"

"မဟုတ်တာ...ဒီနေ့သွားမယ်လို့ ကတိပေးထားပြီးပြီလေ...ပြီးတော့ မတို့ အိမ်ကဒီကနေပြန်ရင်ဝေးနေပြီ...ပေါင်မုန့်တွေလည်းဝယ်ပြီးခဲ့ပြီပဲဟာ"

"အဲ့ဒီတော့..."

"လိုက်ခဲ့...သူ့ကိုကြိုပြီးသူ့အစ်မအိမ်ပို့ပေးခဲ့မယ်..ပြီးမှ ဟိုကိုဆက်မယ်"

"မကောင်းဘူးနော်.."

"ရပါတယ်"

သို့နှင့်လေဆိပ်ကိုအရင်ဆင်းရသည်။

ဟိုရောက်တော့ ကလေးမက နိုင်ငံခြားသားတစ်ချို့နှင့် ရယ်ရယ်မောမော
စကားပြောနေသည်။
မီ့ကိုတွေ့တော့မှ စကားစဖြတ်လိုက်ပြီး မီ့ဆီလာသည်။

"ရှင့်ကိုသတိရနေခဲ့တာလေ...."

ပြောပြောဆိုဆိုနှင့် မီ့ကိုလာနမ်းသော ထိုမိန်းမလေးကို မနည်းခွာပြီး
မတို့ ဘက်ကိုပြန်ကြည့်တော့ မ တို့ကကျောပေးရပ်ထားသည်။

"မဆောင်းလား"

"ဟုတ်တယ်"

"နင်နဲ့ဘာလို့အတူတူရှိနေရတာလဲ"

The one pale and delicate(Unicode Version)Where stories live. Discover now