Part 27

1.5K 108 0
                                    


"ဟယ်လို....ထက်မြက်ရေ...အင်း..ကြာပြီ...sorry
ပေါက်ပေါက်နဲ့ ကိုကိုတို့လက်ထပ်ကြတော့မလို့...အင်း..ငါလည်းစီစဉ်ပေးချင်တယ်...အေးပေါ့..နင်နဲ့ငါတူတူပြန်တွဲလုပ်မယ်လေ.....
မရဘူးဟ...ကုမ္ပဏီမှာတော့မဟုတ်ဘူး..နောက်မှပြောပြမယ်ဟာ...
ခုတော့လာခေါ်ချည်ဦး .. အွန်း..ဒါပဲနော်"

ထက်မြက်နှင့် ဖုန်းပြောပြီး အခန်းပြင်ထွက်မည်ကြံတော့ စုစုကအခန်း
ပေါက်ဝမှာရပ်စောင့်နေသည်။

"အမလေးဟဲ့..လန့်သွားတာပဲ..ဘာလဲ"

"ပြောစရာရှိလို့"

"အင်း..ပြောလေ"

"မြတ်နိုးလေ..သူက.."

"ဟုတ်သားပဲ...မြတ်နိုးဘယ်တော့ရောက်မှာလဲ"

"နောက်တစ်ပါတ်"

"နောက်တစ်ပါတ်မှာ..ကိုကိုတို့လက်ထပ်ပွဲရှိတယ်....
အိမ်မှာလည်းဖေဖေနဲ့မေမေရှိတယ်.....နင်အခုပေါက်ပေါက်တိုက်ခန်းမှာ
နေတာနော်"

"ငါအဆောင်ပြန်ငှားနေရကောင်းလားလို့ ဒါမှမဟုတ်လဲအဒေါ့်အိမ်ပြန်ပေါ့
မဟုတ်ရင် သူငယ်ချင်းတွေကိုပဲကပ်နေရသလိုဖြစ်နေလို့"

"မိစု...နင်ဘယ်လိုပြောလိုက်တာလဲ...သူငယ်ချင်းတွေဆိုတာ
ဆိုးတူကောင်းဖက်ရင်ဆိုင်ရတာလေ...နင်လည်းကိုယ်ပိုင်တိုက်ခန်းဝယ်ဖို့
စုဆောင်းနေတာငါသိတယ်..ဒါပေမဲ့ကပ်နေရတယ်လို့မပြောပါနဲ့
ဒီနှစ်အတွင်းမှာတင်နင်ငါ့ကိုကူညီခဲ့တာတွေအများကြီး.....
နင့်ကိုပြန်ကူညီတယ်လို့သဘောထားပါ....ဒီလိုငါတို့တွေအတူတူရှိနေတာကိုငါတို့အားလုံးသဘောကျတာပဲလေ"

"အင်းပါ...ဟုတ်ပါပြီ...ဒါပေမဲ့ ခုမြတ်နိုးက.."

"ဟုတ်သား...ကိုကိုတို့ကသူတို့တိုက်ခန်းကိုပြန်လိမ့်မယ်..ပြီးတော့ငါ့ရဲ့
ဖေနဲ့မေကတစ်ခန်းဆို....ဒီလိုလုပ်မယ်လေ...ကိုကိုရေ..ပေါက်ပေါက်.."

ပြောနေရင်းလှမ်းအော်ခေါ်လိုက်သောမီ့ကိုစုစုကကြောင်ကြည့်နေသည်။

မီခေါ်သည်နှင့် အပြေးလာကြသောထိုနှစ်ယောက်ကလည်းချစ်စရာ...

"ဘာလဲ..ဘာဖြစ်တာလဲ"

"သြော်..တိုင်ပင်စရာရှိလို့ပါ"

The one pale and delicate(Unicode Version)Where stories live. Discover now