လီလီ.......
ပန်းကလေးလိုလှပတင့်တယ်တဲ့အမျိုးကောင်းသမီး။
အမြဲသွက်သွက်လက်လက်နဲ့ချစ်စရာကောင်မလေး။
အထက်တန်းကျောင်းတုန်းကနာမည်အကြီးဆုံးကောင်မလေး။
မီ့ကိုသိပ်ချစ်တဲ့ကောင်မလေး။
ယခု ထိုကောင်မလေးပြန်ရောက်လာပြီ။"မေမီ.....နင့်ကိုလိုက်ရှာနေခဲ့တာ"
"ဟေ...ဘာလို့တုန်း"
"ငါတို့ပြန်တွဲကြရအောင်"
"ဟင်"
မီ နှင့် စုစု၏ အာမေဋိတ်သံက တစ်ပြိုင်နက်ထွက်ပေါ်လာသည်။
အံ့သြစရာတွေကတံခါးမခေါက်ပဲဝင်လာတတ်သလား။
...................
"ကဲ...ပြောပါဦး...ရှင်လေးကဘယ်တွေပျောက်နေခဲ့တာလဲ"
စုစုကစကားစလိုက်သည်။"ငါလား...ငါကဆရာဝန်လေ..ဆေးရုံမှာပေါ့"
လီလီက မီ့ကိုကြည့်ကာ အားပါးတရဖြေလိုက်ပုံပေါ်သည်။
သူကအမြဲ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာ မဟုတ်ပါလား။မီကတော့ရှေ့က chocolate milk shake ခွက်ကိုပဲစိုက်ကြည့်နေမိသည်။
"မေမီ...နင်သိလား"
ဟုတ်သည်။
အခြားသူများကမေလွင်ဟုခေါ်စဉ်သူမကအမြဲသည်လိုခေါ်ခဲ့သည်။"မနှစ်ကငါ London ကို အဒေါ်တစ်ယောက်ဆီသွားတော့နင့်အကြောင်း
ကြားခဲ့ရသေးတယ် ဒါပေမဲ့ငါမြန်မာပြည်ပြန်လာတော့ ထပ်ပြီးအဆက်အသွယ်ပြတ်သွားခဲ့တာ""ငါသိပါတယ်...London မှာတုန်းက နင့်ငါ့ကိုလာရှာတယ်ဆိုတာ
ငါသိတယ်""နင်ကလဲဟာ..သိနေတဲ့ဟာကို"
လီလီကပြောရင်းမျက်စောင်းတစ်ချက်ထိုးသည်။"မီ...ငါ့ကလေးတစ်ယောက်ကစာတူတူလုပ်ချင်လို့တဲ့ ငါသွားမှရမယ်..
နင့်ဘာသာပြန်ခဲ့တော့"
ခပ်သုတ်သုတ်ထွက်သွားသောစုစုကိုကြည့်ရင်းမီသက်ပြင်းတစ်ချက်ချလိုက်မိသည်။"နင်ဘာတွေသက်ပြင်းချနေလဲ"
"ဒီလိုပါပဲ"
"မေမီ...နင်အခုတွဲနေတဲ့လူရှိလား"
"ဟင့်အင်း...ဒါပေမဲ့"
"ဒါဆိုပြန်တွဲကြရအောင်"
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...