မေမေတို့ကမနက်ဖြန်လာခဲ့မည်ဟုပြောသည်။
ဆောင်းတို့အိမ်ထောင်သက်တစ်နှစ်မှာတင်ရင်သွေးလေးကိုလွယ်ထားရပြီ။
သမီးလေးကိုမမွေးမီလာခဲ့မည်ဟုမေမေကဆောင်းကိုကတိပေးခဲ့သည်။
ထိုနေ့ကမနက်ဖြန်ဖစ်သည်။
ကိုကအလုပ်ရှုပ်နေသည်မို့မေမေတို့ကိုသွားမခေါ်နိုင်ခဲ့သည်ကို
ဆောင်းနားလည်ပေးနိုင်ပါသည်။
သို့သော်..အလုပ်လုပ်ပြီးတိုင်း ကားတစ်စီးနှင့်အပြင်ထွက်သွားတတ်သောအကျင့်ကိုဆောင်းမကြိုက်။
မေမေတို့လာလျှင်အားနာစရာတွေဖြစ်ကုန်မည်ကိုသိသော်လည်းကိုက
ဆောင်းဘယ်လိုပြောပြောနားမထောင်ချေ။
ဘယ်သွားသလဲတော့မေးစရာမလို။
ပြန်လာလျှင်ဝီစကီနံ့ကထောင်းခနဲ။
သမီးကိုထောက်၍မသောက်ရန်ပြောလျှင်လည်းသူကမကြိုက်ပေ။
ကိုနှင့်နေရတာအားလုံးအဆင်ပြေသော်လည်းထိုတစ်ခုကတော့မဟုတ်။မနက်ဖြန်ထိတော့မေမေတို့အလာကိုမျှော်ရချေဦးမည်။
..............
"ကိုကို...သွားကြတော့မလား"
မနက် ၆နာရီပင်ထိုးပြီမို့ ကိုကို့ ကိုခေါ်လိုက်သည်။
သူက ကားမောင်းရမှာမဟုတ်ပါလား။"အပေါက်ကလေး..ကိုယ်သွားတော့မယ်..Take Care နော်
တစ်ခုခုဆိုကိုယ့်ကိုချက်ချင်းဖုန်းဆက်နော်""ဟုတ်ပါပြီကိုရဲ့..ကားကိုသတိထားမောင်း..မေလွင်..နင်လည်းဂရုစိုက်"
"အင်းပါ..ယောင်းမရဲ့"
ထိုစုံတွဲ၏ စကားစကိုဖြတ်ပြီးကားပေါ်တက်ခဲ့တော့သည်။
မနက်စာကိုကားရပ်နားစခန်းရောက်မှ feel တွင်စားခဲ့ပြီး ရေဆင်းကိုခရီး
ဆက်သည်။၆နာရီအကြာတွင်ရေဆင်းကိုရောက်နေခဲ့ပြီ။
ထိုအချိန်ထိမီကအိပ်ပဲနေခဲ့သည်ဟုကိုကိုကပြောတော့အားနာရပါသည်။
မီကတကယ်တော့ကားမစီးနိုင်။
ငယ်ကဆို သည့်ထက်ဆိုးသည်။ အသက်ကြီးလာမှအနည်းငယ်အဆင်ပြေလာခဲ့ခြင်းသာ။ဘာပဲဖြစ်ဖြစ်ရေဆင်းကိုရောက်လာပြီ။
အပြင်အဆင်အဝင်အထွက်စသည်ဖြင့် ထွေထွေထူးထူးသိပ်တော့ပြောင်းလဲသွားခြင်းမရှိသောမီ့နေရာဟောင်းလေး။
ရွာလယ်ကခရစ်ယာန်ဘုရားကျောင်းကလဲ သပ်သပ်ရပ်ရပ်နှင့် အရင်
အတိုင်း ဘုန်းတော်ကြီးကျောင်နှစ်ကျောင်းကတော့ အတော်ပြောင်းလဲတိုးတက်လာသည်ပြောရမည်။
မီတို့အိမ်အဝင်လမ်း(ဆည်ဘောင်လမ်း)ကတော့ ကတ္တရာခင်းနှင့်။
ရွာထဲကလမ်းအတော်များများကိုလည်း ကတ္တရာခင်းပြီးပြီဟု မေမေကပြောရှာသည်။
သည် ၁၀နှစ်အတွင်း ပြောင်းလဲသလိုလို မပြောင်းလဲသလိုလိုနှင့်
မီ့မွေးရပ်မြေလေး။
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...