Part 25

1.7K 105 2
                                    

မနက်ကျ ဒေါ်ကြီးနှင့် မမီးငယ်လေးရောက်လာသည်။
မမီးငယ်လေး၏နာမည်က မီးမီးဖြစ်သည်။
အငယ်ဆုံးဖြစ်၍ မီးငယ်လေးဟုခေါ်ခြင်းသာ။
မမီးမီးကတော့ အတော်လှလာသည်။ သူမ၏အစ်မကဲ့သို့။

"ဝါး..မေမီလေးကလှလာလိုက်တာ...မမဖြင့်မှတ်တောင်မမှတ်မိတော့ဘူး"

"အံမယ်...မမီးမီးကပိုတောင်လှပါသေးတယ်နော်...ဒါနဲ့..၂၈နော်
အိမ်ထောင်ပြုရတော့မယ်"

"မမကအပျိုကြီးလုပ်မှာ..မေမီလည်း၂၆နော်..သူများကိုသာပြောနေတာ
သူကျတော့..."

မမမီးမီးက ချစ်စရာကောင်းစွာပြောသည်။
ငယ်ကတည်းက သူက မဆောင်းထက်ပိုပြီးနာမည်ကြီးသည်။
အတော်လည်းလှသည်ကိုး။

သြော်.....တိုင်းရင်းသားတွေ..တိုင်းရင်းသားတွေ..
သူတို့ပဲရက်ရက်စက်စက်လှနေလိုက်ကြ...။

"ကဲပါ..ညီအစ်မတွေနောက်မှစကားပြောကြတော့..နေထွက်လာရင်
ပိုပူလိမ့်မယ်...သွားကြစို့"

ကိုကို့စကားနှင့် အားလုံးကားပေါ်တက်လိုက်ကြသည်။
မီကတော့ ခြံတံခါးပိတ်ရမည်မို့ ဆင်းနေခဲ့သည်။
ခြံတံခါးပိတ်ပြီး ငယ်ဘဝ၏နေရာဟောင်းလေးကို တစ်ချက်ငေးကြည့်လိုက်မိသည်။

"သွားဦးမယ်..အချစ်လေးရေ..နောက်တစ်ခါပြန်ခွဲခွာရဦးမှာပေါ့"

နောက်ဆုံးအချိန်တော့ သည်နေရာလေးမှာပဲခေါင်းချချင်သည်လေ....

.....................

ရန်ကုန်ကို ဝင်လာတော့ နေ့လယ်စာစားချိန်ရောက်ပြီဖြစ်သည်။
ိမြို့ထဲကဆိုင်တစ်ဆိုင်ဝင်ပြီး နေ့လယ်စာအရင်စားဖြစ်ကြသည်။

"မမမီးမီး. .နေ့လယ်စာစားပြီးမှ လိုက်ပို့မယ်နော်"

"အင်းပါ..ဒါပေမဲ့ မမကျွေးပါ့မယ်"

"မဟုတ်တာ..မီကခေါ်လာတာလေ..ပြီးတော့မတွေ့တာလည်းကြာနေပြီ
မီကဧည့်ခံရမှာပေါ့"

"မတွေ့တာကြာလို့ တစ်ခါတစ်လေလေး မမကကျွေးချင်တာပေါ့"

"ကဲပါ..ဒီညီအစ်မတွေ စားစရာရှိတာစားတော့ ကိုကြီးဝယ်ကျွေးမှာ"

ကိုကိုကဝင်ပြောတော့မှ မီတို့လည်းရပ်တော့သည်။
ထမင်းဖိုးကိုတော့ ကိုကိုကပဲတကယ်ရှင်းလိုက်သည်။
မီနှင့်မမမီးကတော့ ဘေးကရပ်ပြီးရယ်လိုက်ရတာ.....။

The one pale and delicate(Unicode Version)Tahanan ng mga kuwento. Tumuklas ngayon