Part 21

1.7K 120 0
                                    


မနက်ဖြန်ဆိုမတို့မင်္ဂလာဆောင်တာ၁နှစ်ပြည့်ပြီ။
အမှန်ပင်Londonတွင်၁နှစ်လာက်ကြာသွားသည်။
မီလည်းဆေးရုံကဆင်းပြီးပြီဖြစ်သည်။
တစ်ခါတစ်ရံအမြင်အာရုံကလုံးဝမှောင်ကျသွားသကဲ့သို့အဆင်မပြေမှုများရှိခဲ့သော်လည်းကြီးကြီးမားမားပြဿနာမရှိခဲ့။
ထို့ကြောင့်မီ့အရာအားလုံးရှိရာရန်ကုန်ကိုပြန်သည်။
မီ့အလုပ်၊အိမ်နှင့်မပိုင်ဆိုင်တော့သောအချစ်ဆုံးကလေးကထိုအရပ်မှာ။

"ဟယ်လို.......မီရေ"

"ဟယ်လို...မေမေလား"

"သမီးလေးရေ...မေမေတို့မလာလို့ရော..အဆင်ပြေရဲ့လား
ခဏပဲလာလည်းရတယ်လေ"

"မေမေတို့ပင်ပန်းပါတယ်..ဒီမှာကကိုကိုလည်းရှိနေတာပဲစုစုတို့ပေါက်ပေါက်တို့ကလည်းအားကိုးရပါတယ်"

"အေးပါသမီးရယ်....မေမေလည်းသမီးဖေဖေရဲ့ကျန်းမာရေးကြောင့်သာမဟုတ်ရင်အပြေးလာပါတယ်"

"ရပါတယ်မေမေရယ်...ဒါနဲ့ဖေဖေရောပြန်ကောင်းလာပြီလား"

"အင်း...ခြူးလေးကတော့ ဘာမှစိတ်ပူစရာမရှိတော့ဘူးလို့ပြောတယ်"

"ဒါဆိုရပါပြီမေမေရယ်.."

"အေးပါ မီလေးရယ်...ညကျမှဖုန်းတစ်ခါထပ်ဆက်မယ်နော်"

"ဟုတ်မေမေ"

မီခေါင်းခွဲကတည်းက တစ်နေ့ကိုသုံးခါလောက်မေမေနှင့်ဖုန်းပြောဖြစ်သည်။
ထိုစဉ်ကဖေဖေ့ကျန်းမာရေးကအတော်မကောင်းခဲ့သောကြောင့် မီ့ထံမလာနိုင်ခြင်းသာ။ အတော်ပင်အားနာနေသောမေမေ့ကို မီအတော်ဖျောင်းဖျ
ပြောယူခဲ့ရသည်။

အဆင်ပြေပါသည်ပေါ့။

...............

"ကိုကို...ဈေးသွားချင်လို့"

ပိတ်ရက်ဖြစ်သဖြင့်ကိုကိုနှင့်အပြင်သွားချင်သေးသည်။
၁နှစ်တာခွဲခွာခဲ့သောမြို့ကလေးအရင်အတိုင်းရှိနေသလားကြည့်ချင်သည်။

"ဘယ်သွားချင်လို့လဲ"

"ပန်းလည်းထိုးချင်သေးတော့ပန်းတွေများများရှိမယ့်ဈေးပေါ့"

"ဟုတ်ပြီ"

လွန်ခဲ့သည့်နှစ်ကတည်းက အိမ်တွင်နေပေးခဲ့သောစုစုနှင့်ပေါက်ပေါက်ကအတော်အားကိုးရသည်။ ယခုပေါက်ပေါက်ကလည်း ခရီးသွားအေဂျင်စီ
တစ်ခုတွင်အလုပ်ဆင်းနေပြီး စုစုကတော့အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ်(NUAC) တွင် lecturer လုပ်နေသည်။
မီကတော့ ကုမ္ပဏီကထွက်လိုက်ပြီး အိမ်တွင်သာနေ၍ ကိုကို့လုပ်စာ
ထိုင်စားနေသည်။ ကိုကိုအိမ်ထောင်မကျခင်မီအလုပ်ရမှဖြစ်မည်။

The one pale and delicate(Unicode Version)Where stories live. Discover now