Part 26

1.6K 103 1
                                    

ဆောင်းတို့ အိမ်ထောင်သက် တစ်နှစ်ရှိပြီဖြစ်၏။
ဆောင်း အိမ်ထောင်ရှင်မဘဝကို နှစ်လကြာဖြတ်သန်းပြီးမှ
နေသားကျသည်။
ကြင်စဦးဘဝက သိပ်တော့လည်းထူးထူးထွေထွေရှိလှသည်ဟု ဆောင်း
မထင်ခဲ့ပါ။
ဆောင်းကအိမ်အလုပ်နည်းနည်းပိုလုပ်ရပြီးဆေးရုံကိုလည်းသွားရသည်။
ကိုကလည်းသူ့အလုပ်နှင့်သူ။

အိမ်ထောင်ကျပြီးသုံးပတ်လောက်ကြာတော့ရင်သွေးလေးလွယ်ထားရပြီဟုဆရာဝန်ကပြောသည်။
သမီးကလေးရဖို့ဆောင်းမျှော်လင့်မိသည်။
ကိုကတော့သားလေးလိုချင်ရှာသည်။
တကယ်တမ်း အယ်လ်ထရာဆောင်းရိုက်ကြည့်သောအခါ သမီးကလေး
ဖြစ်နေသည်မို့ ဆောင်းကပိုပြီးဝမ်းသာရသည်။

"အမရာ....သမီးလေးကိုအမရာလို့နာမည်ပေးမယ်နော်..ကို"

ဆောင်းပေးခဲ့သောနာမည်ကို ကိုကကျေကျေနပ်နပ်လက်ခံပါသည်။

သမီးလေးရှိနေသည်ကို အရင်ဆုံးအကြောင်းကြားခဲ့သည်က မေမေ့ကို
ဖြစ်သည်။
သမီးကလေးလို့ကြားတော့မေမေကဝမ်းသာသွားပုံရသည်။
သမီးလေးမမွေးခင်လာမည်ဟုပြောသည်။

ရုတ်တရက်အိမ်ရှေ့မှကားသံကြားလိုက်ရပြီးဖုန်းကမြည်လာသည်။

"မဆောင်း..မီးတို့ရောက်ပြီ"

သြော်....ဟုတ်သည်...။
သည်ကနေ့မေမေတို့ရောက်မည်ပြောသည်။
သွားမကြိုရလို့အားနာသော်လည်းအိမ်ရှေ့ထိရောက်လာသောကြောင့်
အဆင်ပြေသည်ဟုတွေးမိသည်။

အိမ်ကဒေါ်ကြီးကခြံတံခါးဖွင့်ပေးတော့ကားကဝင်လာသည်။
ဟုတ်သည်ပဲ။
မီးမီးကလက်လှမ်းပြပြီးအထုပ်များကိုကားပေါ်မှချနေသည်။

ထို့ပြင် အမျိုးသားတစ်ယောက်က အထုပ်များကိုကူချပေးနေသည်။
ထိုလူကိုမြင်ဖူးနေသည်။
ထိုလူက တစ်စုံတစ်ရာပြောလိုက်သောအခါ ကားထဲမှအမျိုးသမီး
တစ်ယောက်ထွက်လာသည်။

အချိုးကျကျခန္ဓာကိုယ်နှင့် ပခုံးပေါ်ဝဲနေသောဆံပင်များက သူမကိုပိုပြီး
လှပစေသလား။
ဆောင်းဘက်ကိုသူမလှည့်ကြည့်လိုက်တော့ ဆောင်းပိုပြီးအံ့သြခဲ့ရသည်။

သူမ....တစ်နှစ်ကြာပျောက်ကွယ်နေသော သူမလေးကိုတွေ့လိုက်ရသည်။
အကြောင်းမရှိပဲ အဆက်အသွယ်ပြတ်ခဲ့ရသောအကြင်ကလေးမကို
ပြန်တွေ့ချိန်ဆောင်းမှာဆွံ့အခဲ့ရသည်။

The one pale and delicate(Unicode Version)Where stories live. Discover now