(50) End

3K 163 1
                                    

ငါးနှစ် .  .  .  .  .  . သူ့ကမ္ဘာကြီးပြိုလဲသွားတာ ငါးနှစ်ရှိပြီ။ သူ့နာမည်ကို အော်ပြီး လက်တွေဝှေ့ယမ်းနေတဲ့ငယ်လေးက မျက်စိတစ်မှိတ် အချိန်အတွင်းမှာပဲ အမြင့်ကနေပြုတ်ကျလာတာကိုမြင်လိုက်ရတဲ့ တစ်ခဏ အချိန်တွေရပ်တန့်သွားသလိုပဲ။အော်ဟစ်ပြီး ဖမ်းနိုင်အောင် ပြေးသွားပေမဲ့ သူ့ရဲ့မျက်စိရှေ့မှာတင် .  .  .  .  .

သွေးအိုင်ထဲကနေပွေ့ပြီး နှိုးဖို့ကြိုးစားပေမဲ့ အချဉ်းနှီးပဲ။သူ့လက်ထဲကအနွေးဓာတ်လေးက တစ်ဖြည်းဖြည်းအေးစက်လာတာကို သူ မတားဆီးနိုင်ခဲ့ဘူး။ ငယ်လေးကိုပိုက်ပြီး ငြိမ်နေရင်းနဲ့ သူသတိရသွားတယ် .  .  .  ပိုင်လျန်။

သူ ပိုင်လျန် ကိုလျော့တွက်မိသွားတယ်။ငယ်လေးကို အရင်အခေါ်လွှတ်လိုက်တဲ့ သူ့ရဲ့တပ်သားတွေကို ပိုင်လျန်ရဲ့ ကိုယ်ရံတော်က တားဆီးထားလို့ မချိန်မှီမကယ်တင်နိုင်ခဲ့ဘူး။ကိုယ့်အစ်ကိုအရင်း ကိုတောင်သတ်ပြီး ငယ်လေးကိုပါ ချမ်းသာမပေးရတဲ့အကြောင်းကိုမေးကြည့်တော့ သူမကနှုတ်ဆိတ်နေပြီး သူ့ကိုမေးတယ် 'နာကျင်ရလား ' တဲ့။

သူမရဲ့ အမေးက သူ့ကိုစိတ်လွတ်သွားစေတယ်။အဖြေမပေးတာတောင် အမူအရာကိုမြင်ပြီး သူမကျေနပ်သွားပုံပဲ။ သူမအတွက်ယွဲ့အော် ကိုဆုံးရှုံးရတာလဲ နာကျင်ရတယ်တဲ့။ သူမကယွဲ့အော်ကိုဖယ်ပြီး သူ့ကိုရွေးချယ်ခဲ့တာတောင် သူကငယ်လေးကိုရွေးချယ်မိလို့တဲ့။ငယ်လေးအတွက်တော့ စိတ်မကောင်းဘူးတဲ့။

ဟက်.  .  .  .  ရူးနေတာ၊ အဲ့မိန်းမရူးနေတာ။ဖြည်းဖြည်းချင်း
နှိပ်စက်ပြီးမှသတ်ချင်ပေမဲ့ သူမ ကအဆိပ်ကြိုသောက်ပြီးနေပြီ။ သူမအလောင်းကိုလူမြင်ကွင်းမှာမြင်းနဲ့ဆွဲဖြဲစေပြီး နန်းတော်ဘေးပတ်ပတ်လည်မှာမြှပ်ခိုင်းလိုက်တယ်။ခေါင်းကိုတော့ မြို့ရိုးအောက်ခြေမှာမြှပ်ထားလိုက်တယ်။။သေခြင်းက သူမလွတ်လပ်စေတယ်ဆိုရင် သူကတော့သေခြင်းကိုအသုံးပြုပြီးသူမကိုချုပ်နှောင်ထားမှာ။မင်နိုင်ငံ မပျက်စီးသေးသရွေ့၊မြို့ရိုးတည်ရှိနေသရွေ့ သူမလည်း မလွတ်လပ်စေရဘူး။ဒါက သူလုပ်နိုင်တဲ့တစ်ခုတည်းသော အပြစ်ပေးနည်းပဲ။

Being in  novel is not easy 🤧[Completed]Where stories live. Discover now