(33)

1.4K 145 1
                                    

အချစ်မှန်းမသိခင်အချိန်ကတည်းက ရီလင်ဝမ်ဟာ သူမအတွက်အရာအားလုံးဖြစ်ခဲ့တယ်။ဒါကြောင့်လည်း မယ်တော်ကြီးဆီမှာ သူမအရွယ်ရောက်လာတာနဲ့ ရီလင်ဝမ်နဲ့လတ်ဆက်ပေးဖို့ တောင်းဆိုခဲ့တာ။ ရီလင်ဝမ်က ပထမ ဇနီးကို လက်ထက်တဲ့နေ့မှာသူမ ဘယ်လောက်တောင်ငိုနေခဲ့လဲဆိုတာ သူမအသိဆုံး။နောက်တစ်နေ့မှာ ကြင်ယာတော်သေသွားတယ် ဆိုတဲ့သတင်းကိုလည်း ဘယ်လောက်တောင်ပျော်နေခဲ့လဲဆိုတာ သူမအသိဆုံး။

ကျိန်စာသင့်တယ်ဆိုတဲ့ သတင်းကိုသူမ မယုံခဲ့ဘူး ဒုတိယမြောက် ကြင်ယာတော် မသေခင်အထိပေါ့။တိုက်ဆိုင်တာနေမှာပါလို့ ဖြေသိမ့်ချင်ပေမဲ့ တတိယမြောက် ကြင်ယာတော် ပါသေဆုံးသွားတော့ သူမကြောက်ရွံ့နေမိတာတော့ အမှန်။သေမှာမကြောက်တဲ့သူ ဘယ်မှာရှိမှာလဲ၊ ပြီးတော့ သူမလို ငယ်ရွယ်သေးတဲ့မိန်းမပျိုလေးဆို ပိုဆိုး။

လေးယောက်မြောက်ကြင်ယာတော် ဟာသူမဖြစ်နိုင်တယ်ဆိုတဲ့ သတင်းကြားလိုက်တော့ ကြောက်စိတ်နဲ့ ဝမ်းသာစိတ်ကြားမှာ ဗျာများရပြန်တယ်။ သူမအဖြစ် မကြည့်နေနိုင်တော့တဲ့ သူမရဲ့ ဖခင်က အကြံတစ်ခုပေးတယ်။ဖျားနာနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်္ဂလာပွဲကို ငြင်းဆိုတာမဟုတ်ပဲ ခဏရှောင်နေဖို့။

သူမ ဖခင်ရဲ့ အကြံဟာ သူမကိုဆွဲဆောင်နိုင်တယ်။ဟုတ်တယ် အခြေအနေအရ ခဏရှောင်နေတာကောင်းတယ်။သူမက ကိုကို့ရဲ့ဘေးမှာသေသည်အထိ အတူရှိနေချင်တာ တစ်ရက်ထဲနဲ့သေမယ့် အမည်ခံ ကြင်ယာတော်မလုပ်ချင်ဘူး။ခဏပဲရှောင်နေမှာ ပြီးရင် သူမရဲ့ နေရာကိုပြန်လာမှာ။

တိုင်ပင်ထားတဲ့အတိုင်း နေမကောင်းဟန်ဆောင်ကာ မြို့လေးတစ်မြို့မှာ နေထိုင်ရင်း ရီလင်ဝမ်ရဲ့သတင်းတွေကို စုံစမ်းတယ်။နောက်တော့ သတင်းတစ်ခုရောက်လာတယ် ၊လန်အိမ်က လာတဲ့ ကြင်ယာတော် အသက်ရှင်တယ် ။ သူမအဲ့အချိန်မှာပဲ သဘောပေါက်လိုက်တယ်၊ သူမနေရာကို ပြန်ယူဖို့ အချိန်ရောက်လာပြီလို့. . . .

လန်မျိုးရိုးကို ကိုကို့ ဘေးမှာမြင်နေရတာ သဘောမကျသလို သူမအပေါ်ကိုလဲ အကောင်းမြင်စေချင်တာကြောင့် ဇာတ်လမ်းအမျိုးမျိုး ဖန်တီးပေမဲ့ သူမအကွက်ထဲရောက်မလာတဲ့ လန်မျိုးရိုးကြောင့် သူမဒေါသထွက်ရပေါင်းကမနည်း။

Being in  novel is not easy 🤧[Completed]Where stories live. Discover now