(37)

1.5K 150 1
                                    

အားလုံးပြေလည်သွားတဲ့အထိမ်းအမှတ်နဲ့ လူရင်းတွေပဲစုပြီး ရီလင်ဝမ်အိမ်တော်က ဥယျာဉ်ငယ်လေးမှာ စားသောက်ပွဲလုပ်ကြတယ်။ဒီရက်ပိုင်းအတွင်း အစိုးရိမ်လွန်နေတဲ့ မိန်မိန်က အခုမှစားချင်စိတ်တွေထွက်လာပြီး ကြက်ပေါင်ကိုက်နေရင်းနဲ့အိပ်ပျော်သွားလေရဲ့။ကျန်းချန်ကတော့ တန်ဖိုးကြီးအရက်တွေကို အိုးလိုက်မော့နေပြီး အရက်သောက်ခွင့်ပိတ်ခံထားရတဲ့ ကြင်ယာတော်လေး နဲ့ ရွှယ်ယွမ် ကတော့ ကျန်းချန်ကို ငေးရင်း လက်ဖက်ရည်ကြမ်း ခွက်ကို ရှုံမဲ့ပြီးသောက်နေရသည်။

" ကြင်ယာတော် ကိုလည်းဝမ်ရယ်ကသေရည်မသောက်ခိုင်းဘူးလား။ "

" သမားတော်ရှောင် ကလည်းမသောက်မခိုင်းဘူးထင်တယ်။ "

" သမားတော် ကို ချစ်သူတော်ထားတော့လည်း သည်းခံရမှာပေါ့။ "

" နစ်ယောက်သား အဆင်ပြေသွားကြပြီလား။ဂုဏ်ယူပါတယ်။ "

" ဟီး. ဟီး. . . "

မလှမ်းမကန်းမှာတော့ ဟီးဟီးဟားဟားရယ်နေတဲ့သူတို့နှစ်ယောက်ကိုကြည့်ရင်း သေရည် အရသာခံသောက်နေတဲ့သူနှစ်ယောက်လည်းရှိတယ်။

" ရှင်းချန် ငါမှတ်မိသလောက် စကားမပြောနိုင်လောက်အောင်ပဲလုပ်ခိုင်းတာလားလို့။ဒါပေမဲ့ အန်းလဲ့က သစ်ပင်လူသားဖြစ်သွားတယ်လို့ကြားတယ်. . .
. . "

ရီလင်ဝမ်ရဲ့အသံက မကျေနပ်တဲ့လေသံမျိုးမဟုတ်ပဲ ဒီအတိုင်းသိချင်နေတဲ့ လေသံမျိုး။ရှောင်ရှင်းချန်က ရီလင်ဝမ်ကိုတစ်ချက်ကြည့်ပြီးမဲ့ပြုံးပြုံးလိုက်သည်။သေရည်ခွက်ကို လက်နဲ့အသာလေးကစားရင်း အတွေးထဲနစ်မျောနေပုံနဲ့ပြုံးရင်း . . .

" အန်းလဲ့မင်းသမီးက ဝမ်ရယ်ရဲ့အိမ်တော်ကိုလာတုန်းက ရွှယ်ယွမ်နဲ့တစ်ခါဆုံဖူးတယ်။ရွှယ်ယွမ်ကို မြင်တာနဲ့ အပျက်မရဲ့သား၊ ကိုယ့်နေရာကိုယ်မသိတဲ့ကောင်၊ မြင်ရတာတောင် မျက်စိညစ်ညမ်းတယ်ဆိုပြီးပြောဖူးတယ်။အဲ့ဒါကြောင့်သူမ ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့မမြင်ရ မကြားရ တော့သလို အဲ့ကျက်သရေမရှိတဲ့ပါးစပ်ကိုပါ နောက်ထပ်ဖွင့်စရာမလိုအောင်လုပ်ပေးတာ။ "

Being in  novel is not easy 🤧[Completed]Where stories live. Discover now