(40)

1.3K 151 6
                                    

မကြာခင်မှာပဲသူရင်တထိတ်ထိတ်နဲ့စောင့်နေတဲ့နေ့ကိုရောက်လာပါပြီ။ဒီအတောအတွင်းရင်ထိတ်လွန်းလို့ အိပ်မပျော်၊ စားမဝင် ၊ပန်ဒါမျက်ဝန်းနဲ့ အရက်သမားမျက်လုံးဖြစ်နေတယ်. . . . . . . . .

. . . . . . . . .

. . . . . . . . .

. . . လို့ထင်နေရင်မှားသွားပါလိမ့်မယ်။စားလို့ကောင်း၊အိပ်လို့ပျော် . . ဗျူတီဖိုင်းလွန်းလို့အသားအရေတွေ ဂလိုးပြီး ပါးလေးတောင်ဖောင်းချင်လာသလိုလို။သံတမန် အဖွဲ့က မနက်အစောကြီးရောက်လို့ အိမ်မက်ကောင်းနေတဲ့သူကမသိလိုက်ပေမဲ့ နေ့လည်ဘက်နားပြီး ညကျရင်ကြိုဆိုပွဲရှိတယ်ဆိုလို့ သေသေချာချာပြင်ဆင်နေတာ။

ဒီပွဲက သူဟာယောက်ျားလေးဆိုတာ တစ်နိုင်ငံလုံးသိပြီး နန်းတွင်းထဲဝင် ၊ အမတ်တွေနဲ့တွေ့ရမယ့်ပထမဆုံးအကြိမ်ဖြစ်သလို၊ သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ ဇာတ်လိုက်မနဲ့ပထမဆုံးအကြိမ်တွေ့ရမယ့် ပွဲဆိုလည်းဟုတ်တယ်။သူ့က ဇာတ်လိုက်မနဲ့ယှဉ်ပြိုင်နေတာမဟုတ်ပေမယ့် နှစ်ယောက်ယှဉ်ကြည့်လို့ သူ့ဖက်ကရှုံးနေတာမျိုးတော့မဖြစ်ချင်ဘူး။ အခြားသူတွေသူ့ကိုဘယ်လိုမြင်မြင် ဂရုမစိုက်ပေမယ့် ရှန့်ရှန့်ကိုတော့ သူ့ဆီကအကြည့်မလွှဲတာမျိုးပဲလိုချင်တယ်။

ပြောမယ်သာပြောရတာ သူကဇာတ်လိုက်မ ဘယ်လိုရုပ်မျိုးဖြစ်မလဲဆိုတာစိတ်တော့ဝင်စားသား။သူရေးတုန်းကတော့မင်နိုင်ငံရဲ့ နံပါတ်တစ်အလှဆုံးမင်းသမီးဆိုပြီး ရေးထားတာပဲ ဘယ်လိုရုပ်ထွက်လာမလဲဆိုတာကတော့. . . . . . . . ။ဘာပဲပြောပြောမင်းသားတွေဝိုင်းနေတာဆိုတော့ ချောတော့ချောမှာပေါ့။အဲ့ဒါကြောင့်စိတ်မချရတာ။သူကြည့်ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာဆို မင်းသားနဲ့မင်းသမီးက အမှတ်မထင်တွေဆုံလိုက်လိုက်၊ မင်းသားကမင်းသမီးကိုကယ်လိုက်၊မင်းသမီးကိုမင်းသားကကယ်လိုက်၊ဘေးကလူတွေကလှော်လိုက်နဲ့ မညား ညားအောင်ဇာတ်ကြောင်းတွေကရှည်နေတာ။ရှန့်ရှန့်ကိုယုံပေမဲ့ အဲ့ဒါတွေကြောင့်သောကတွေများနေတာ။ ဟင်း. . . . . . .တကယ်. . . . ဝတ္ထုထဲဝင်ပြီးဇာတ်လိုက်ကိုချစ်ရတာလွယ်ကူမနေဘူး။

ပွဲတက်အဝတ်အစားအနေနဲ့ သူကအဖြူရောင်ကိုအောက်ပိုင်းအဖျားကအနက်ရောင်ပြောင်းတဲ့နှစ်ရောင်စပ်။ရှန့်ရှန့်ကတော့ အဖြူရောင်ကိုမှ အနက်ရောင်ချည်နဲ့ပန်းချီထိုးထားတဲ့ဝတ်စုံ။ဝတ်စုံနှစ်စုံက မတူသလိုလိုနဲ့ပေါင်းစပ်နေသယောင်ယောင် . . . . . သူကပဲဆွဲ couple နေတာလား။ တူတာလဲပါ ပါတယ်နော်။ခါးစည်းမှာ အဖြူအနက်ကြိုးမတူပေမဲ့ တူညီတဲ့ ရီလင်ဝမ်တံဆိပ် ကျောက်စိမ်းပြားကိုချိတ်ဆွဲထားတယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now