(3)

3.3K 224 0
                                    

မိန်မိန် ကအငိုရပ်ပြီးတရှုံ့ရှုံ့ နဲ့  စပြောတယ်။
အခုသူက လန်စစ်သူကြီး ရဲ့ တတိယမြောက်သား
လန်သခင်လေး ။သူ့ အထက်မှာ က အကိုလန်ရှီးရန်နဲ့ အမွှာဖြစ်တဲ့ လန်ရူရှင်း ။ လွန်ခဲ့တဲ့ တစ်လလောက်က မင်းကြီးက သူ့ ရဲ့ အမဖြစ်သူကို သူ့ရဲ့ အချစ်ဆုံးညီတော်ဖြစ်တဲ့ ရီလင်ဝမ် ဝေ့ရှန့် နဲ့ လက်ဆက်ဖို့ အမိန့် ထုတ်ပြန်တာကနေ ဇာတ်လမ်းစတာပဲ။ ရီလင်ဝမ် က အခု အသက် ၂၁ နှစ်ရှိနေပြီဖြစ်ပေမဲ့ အခုထိကြင်ယာတော် မရှိသေးဘူး။ ဘာလို့လဲ ?
(ပေါ်ပေါ့် ကိုစောင့်နေတာလေ 😏😏)

ရုပ်ရည်လား ၊မြင်သူတိုင်းငေးလိုက်အောင်တည်ကြည်ခန့်ညားတယ်။ အရည်အချင်းလား၊ စစ်နတ်ဘုရားလို့တောင်အများကတင်စားရတယ်။စာပေအနုပညာ မှာလည်း နှစ်တစ်ရာမှာ တစ်ယောက်တွေ့ရခဲတဲ့ ထူးချွန်တဲ့သူလို့သမုတ်ကြတယ်။ ဒါဆို စိတ်ဓါတ်လား အများအပေါ်မှာကြင်နာပြီးခွဲခြား ဆက်ဆံခြင်းမရှိဘူး။

ရိပေါ်ကြာတော့ နားပြင်းကပ်လာတယ်။ သူ့ကို မူလပိုင်ရှင်အကြောင်း ပြောခိုင်းတာလေ။ ဘယ့်နဲ့ ရိလင်ဝမ် ဆိုတဲ့သူကို ချီးမွှန်းခန်းလာဖွင့်နေတာတုန်း။ (ကိုယ့် husband ကို အဲ့လိုမပြောရဘူးလေ ပေါ်ပေါ် ရဲ့ 😐😐)
အတိုချုံးရ ရင်တော့ အခုခန္နာကိုယ်ပိုင်ရှင် ရဲ့ အစ်မက မင်္ဂလာမဆောင်ချင်လို့ အမြွှာဖြစ်တဲ့ လန်သခင်လေးက အစားဝင်တာ။ လန်သခင်လေးနဲ့  လန်ရူရှင်း က မိဘတွေကတောင် ခွဲမရအောင်တူတဲ့ အမြွှာတွေ။ ပြီးတော့ လန်သခင်လေးက ယောက်ျားလေးဖြစ်ပေမဲ့ ငယ်ငယ်ကတည်းချူချာလို့ ခန္ဓာကိုယ်က မိန်းကလေးဖြစ်တဲ့ ရူရှင်းနဲ့  အတူတူ လောက်ပဲဆိုတော့ နည်းနည်းလေးပြင်လိုက်တာနဲ့  သူက ရူရှင်းမဟုတ်ဘူးဆိုတာ ဘယ်သူမှမပြောနိုင်တော့ဘူး။

"ဒါနဲ့ နေပါဦး အဲ့ဒိလောက်ပြီးပြည့်စုံနေတဲ့သူကို ငါ့အစ်မက ဘာလို့ လက်မထပ်ချင်ရတာလဲ။"

"အဟဲ . .ဟို . လေ . အဲ့ဒါက "

"အစ်မမှာ ရည်းစားတွေဘာတွေရှိနေလို့  ခိုးရာလိုက်သွားတာလား။"

"မဟုတ်ပါဘူး " လက်ကို တစ်ခါခါနဲ့ ငြင်းနေတာကြောင့် ရိပေါ် မျက်မှောင်ကုတ်မိတယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now