(1)
9.2K 340 1
"ဟင့် . . ဟင့် အဖြစ်ဆိုးလှချည်လား အီး ဟီး"
စိတ်ထဲကသာ အော်နေပင်မဲ့ အပြင်ကို အသံကထွက်မလာ လည်ချောင်း တစ်ခုလုံး မီးနဲ့  မမြှိုက်ထားသလိုပူ
"မ . . . .အော် . . . . နဲ့  . . . .တော့. . . နား. . . . ညီး. . . "
". . . . . ကျဲ. . . . ကျဲ. . . "
(A/N
Uni
'ဘယ်သူလဲ ဒီလိုအသံ ပြဲကြီးနဲ့ ငိုနေတာ'
"မိုးနတ်မင်းကြီးရယ် ဆင်းကြည့်ပါဦး"
''အမယ်လေး ဘယ်လို vocal တွေနဲ့ အော်နေတာလဲဟ'
စိတ်ထဲကသာ အော်နေပင်မဲ့ အပြင်ကို အသံကထွက်မလာ လည်ချောင်း တစ်ခုလုံး ပူနေပြီး ခန္ဓာကိုယ်ကလည်း တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ။ဒီကြားထဲ ဘယ်သူမှန်းမသိတဲ့သူက ဘေးက အသံဆိုးနဲ့ နှိပ်ဆက်နေလို့ ခေါင်းကပိုနောက်လာသလို။အသံတွေက ဝေးသွားလိုက် နီးလာလိုက်။အားတင်းပြီး မျက်လုံးကို ကြိုးစားဖွင့်တော့ အမြင်တွေက ဝေဝေဝါးဝါး။နာကျင်နေ တဲ့ လည်ချောင်းကို အတင်းအလုပ်ပေးပြီး
"မ . . . .အော် . . . . နဲ့ . . . .တော့. . . နား. . . . ညီး. . . "
ပြောလို့မှမဆုံးသေး စီကနဲ့ အသံထွက်လာပြီး အရိပ်တစ်ခုက လှစ်ကနဲ ဖြတ်သွားသလိုလို ဘေးနားပဲရောက်လာသလိုလို ။ သူ့ဘေးက အရိပ်ကို ကြိုးစားပြီးကြည့်ပေမဲ့ ဘယ်သူလဲ မသဲကွဲ ဒါပေမဲ့ စိတ်ထဲကနေအဖြစ် နိုင်ဆုံးသူ ကို ခေါ်လိုက်မိသည်။
". . . . . ကျဲ. . . . ကျဲ. . . "
ထို့နောက်မှာတော့ ဝမ်ရိပေါ် တစ်ယောက်လောကကြီး နဲ့အဆက်ပြတ်သွားလေသည်။
ဝမ်ရိပေါ် တစ်ယောက်နိုးလာတာနဲ့ မြင်လိုက်ရတာက တစ်ခါမှမမြင်ဘူးတဲ့ မျက်နှာကျက်။ မနေ့က ခံစားနေရတာလဲ တော်တော် သက်သာသွားသလို။ဒါပေမဲ့ သူကအဲ့ဒါတွေ ထက် ခုနက မက်တဲ့ အိမ်မက် ကိုပဲစိတ်ရောက်နေတယ်။
"ချီးပဲ ဘယ်ကဝေကသီ ကဟာတွေလာမက်နေတာလဲ ။ အား ရှက်လိုက်တာ။ "
ရှက်ရှက်နဲ့ မျက်နှာကို လက်နဲ့အုပ်မိတော့ တစ်တောင်ဆစ်ကို လာထိတဲ့ အိစိစိ အရာနှစ်ခု။'ဘာလား 'အယောင်ယောင်အမှားမှား နဲ့ ငုံ့ကြည့်မိတော့ ရှက်တဲ့ စိတ်တောင် ကြက်ပျောက်ငှက်ပျောက်။
'ဒါ . .ဒါတွေက သူထင်နေတဲ့ ဟာတွေတော့ မဟုတ်ပါဘူးနော် ။ပြီးတော့ဝတ်ထားတာတွေက ရှေးဟောင်း မိန်းကလေးအဝတ်အစားတွေ၊ နေပါဦး သူကအထီးလေ ဘာလို့ နေ့ချင်းညချင်း ဘဝပြောင်းသွားရတာလဲ။'
(A/N
ဟိုကကိုယ့် acc လေးပလုံသွားလို့ အသစ်ဖွင့်တာပါ။ကျန်တာတွေဒီမှာပဲ ဆက်တင်ပါမယ်)
Being in  novel is not easy 🤧[Completed]Where stories live. Discover now