(34)

1.4K 143 1
                                    

ညနက်ချိန် တိတ်ဆိတ်နေသောနန်းတော်ထဲတွင် ပြေးလွှားနေသောအရိပ်များ . . . . .။ဦးတည်ရာက ရီလင်ဝမ်အနားယူရာ အဆောင်. . . . ။အိပ်ပျော်နေသည်လို့ထင်ရသော ရီလင်ဝမ်၏မျက်လုံးများ ဖျတ်ကနဲ ပွင့်လာပြီး ထထိုင်လိုက်သည်။သူ့ရဲ့ မျက်လုံးတွေက နေမကောင်းတဲ့သူနဲ့နည်းနည်းမှမတူပဲ စူးရှနေသည်။

" ထွက်ခဲ့. . "

ရီလင်ဝမ် အသံအဆုံးမှာပဲ အမှောင်ထဲမှလူတစ်ဦးထွက်လာပြီးဒူးထောက်အလေးပြုသည်။

" ဝမ်ရယ် "

" ဘာကိစ္စလဲ "

စကားသံအဆုံးမှာတော့ဒူးထောက်နေရာက ထလာပြီးရီလင်ဝမ်နား နားကပ်ကာ စကားအချို့ကိုပြောလိုက်သည်။နားထောင်နေတဲ့ ရီလင်ဝမ်၏မျက်နှာကတော့ နည်းနည်းလေးမှမပြောင်းလဲ. . . . ။ပြောဆိုခြင်းပြီးတော့ သက်ပြင်းရှည်ရှည်တစ်ခုကိုချလိုက်သည်။

" တကယ်ပါပဲ. . . . . လူကိုမသတ်စေနဲ့ ၊သမားတော်ရှောင်ကို အစီအစဉ်အတိုင်းလုပ်ဖို့ ပြောလိုက်။ "

ခေါင်းကိုခပ်ဆတ်ဆတ်ငြိမ့်ပြီး အလာ ကအတိုင်းပဲမမှောင်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားတယ်။ထိုသူပျောက်ကွယ်သွားသည်နှင့် ရီလင်ဝမ်က ဘာမှမဖြစ်ပျက်ခဲ့သလို ပြန်လည်အိပ်စက်သည်။ဒီနေ့ ကတော့အချိုသောသူတွေအတွက်အလွန်ရှည်လျားတဲ့ နေ့တစ်နေ့ပါပဲ။

နောက်နေ့မနက်မှာပဲ မင်းကြီးက အမတ်တွေအားလုံးကို ညီလာခံဆင့်ခေါ်တယ်။ ညီလာခံကိုလာသမျှအမတ်တွေကတော့ အလွန့်အလွန်ကိုတက်ကြွနေတယ်။လန်စစ်သူကြီးကိုတော့ သရော်သလိုလို ၊ သနားသလိုလိုအကြည့်တွေနဲ့ ကြည့်နေကြပြီး မင်းကြီးအလာကိုစိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြတယ်။

" မင်းကြီးကြွချီလာပါပြီ "

" မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ။ "

" ထကြပါအမတ်တို့ "

" ကျေးဇူးတင်ပါတယ် မင်းကြီး "

အစဉ်အလာအတိုင်း အရိုအသေပေးပြီးတဲ့အခါမှာတော့။မင်းကြီးရဲ့သက်ပြင်းချသံက ခန်းမထဲက အသံတွေအကုန်လုံးကိုတိတ်ဆိတ်သွားစေတယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now