(22)

1.6K 171 0
                                    

အခုတစ်လော နတ်တွေဘယ်ချောင်သွား အိပ်နေကြလဲမသိဘူး။ရိပေါ် ကံဇာတာတွေပယ်ပယ်နယ်နယ်ညံ့နေတာ။ ဘဝက နိမ့်ပြီးတော့ နိမ့်နိမ့်နိမ့် ~~ဆုဘယ်လောက်တောင်းတောင်း ယတြာဘယ်လောက်ချေချေ ပြန်ကိုတက်မလာတော့တာ။တစ်ယောက်ယောက်ကကျိန်စာတိုက်နေသလိုပဲ။ (ထင်လို့ပါ 😶😶)

စဉ်းစားကြည့်ပါ . . . Crush ကြောင့်စိတ်ဆင်းရဲလို့ ခရီးထွက်တဲ့သူ့ကို banana နဲ့တွေ့ပြီး ဘဝပြောင်းတာကစတာပဲ။ crush နဲ့ ညားလို့ပျော်ရမလားမှတ်တယ် ရင်ဘက်က ပေါက်စီနှစ်လုံးနဲ့ ၊ လက်ထပ်ပြီးပျော်ရမလားမှတ်တယ် မင်္ဂလာဦး ကိုမပြေးချင်ပြေးချင်နဲ့ပတ်ပြေးရတယ်၊ အဆင်ပြေမယ်ထင်နေတုန်း ဖန်ပင်းပင်းကဝင်လာတယ် ၊ ဘဝကြီးကသာယာတယ်ပဲ ပြောရသေးတယ် သကောင့်သားက ဖြတ်တယ်။ စိတ်လေတယ်နော်။ လုပ်ကြံဇာတ်ခင်းပြီးလူကိုဆေးကုပေးထားပေမဲ့ တက်နိုင်ရင် ကိုမာ ဝင်သွားစေချင်တာ။

မကျေနပ်ချက်လား. . ရှိတာပေါ့။ သူမြင်လိုက်တယ် . . . ရေစိုနေတော့ သူအကုန်နီးပါးမြင်လိုက်တယ်။ဘယ့်နဲ့. . . . အရင်က ဒီ size နဲ့ ဒီ size ကို အခုတော့။ သူ့ဟာကကြီးပြီး ရိပေါ်ဟာကသေးနေတယ်(ရင်အုပ်~)၊ပြီးတော့သူ့အစိကကြီးပြီး ရိပေါ် အစိက သေးသေးလေး ( လည်စိ~)။ မကျေနပ်ဆုံးက သူ့ဗိုက်မှာ ခြောက်ခုပိုပြီး ရိပေါ်ကျတော့ ရင်ဘက်မှာ နှစ်ခုပိုလာတယ် ( ဒါတော့သိတယ်ဟုတ် ။ အမယ်လေး ဖော်လို လုပ်ရတာမောတာ 😩😩 )။ ခေါင်းရိုက်မိလို့ အားနာနေတဲ့စိတ်လေးတောင်ဖွတ်ကနဲပေါက်သွားတယ်။သယ်ချင်း မနိုးသောအိပ်ချင်းနဲ့သာအိပ်နေ. . နေ. . . .

" သ. . သ. ခင်မလေး ဟိုသခင်လေးနိုးပြီတဲ့။ "

ပြောပါတယ် . . နတ်တွေ အလုပ်မလုပ်ပါဘူးလို့ ။ သူ့ဆုတောင်းကို လျစ်လျူရှုလို့ကတော့ . . . . ဟွန်း. . .နတ်တွေဘာတွေနားမလည်ဘူးနော် . . သိဖို့။
နတ်အပေါင်းကိုကျိန်စဲ ရင်းသတိရပြီဆိုတဲ့လဒဆီကိုသွားနေတဲ့ ရိပေါ်ရဲ့ စကတ်က လွှားကနဲ လွှားကနဲ။ မိန်မိန်ကတော့ဘယ်နားကျန်ခဲ့မှန်းမသိပါဘူး ၊အဓိက က အဓိကပဲ။

ရိပေါ်အခန်းထဲရောက်တော့ ကုတင်ခေါင်းရင်းကိုမှီရင်း သမားတော်စမ်းသပ်တာခံနေတဲ့ သကောင့်သား။ လေကိုဖြည်းဖြည်းခြင်း မှုတ်ထုတ်လိုက်ပြီး ရှန့်ရှန့်နားကပ်လိုက်တယ်။ အနားကပ်တာက အရောင်ပြ၊ တားဂတ်က ရှန့်ရှန့် ဘေးကပန်းအိုး။ ယိတီးယားတားဆို ဟို လဒကိုကောက်ထုဖို့။သတိဆိုတာပိုတယ် မရှိဘူး။သူကကိုယ့်ကိုတွေ့တာနဲ့မျက်လုံးတွေအရောင်တောက်သွားပြီး. . .

Being in  novel is not easy 🤧[Completed]Wo Geschichten leben. Entdecke jetzt