(25)

1.6K 156 2
                                    

ဝမ်.ရိ.ပေါ်

ရိပေါ်

ပေါ်
.
.
.
.
" ဗြဲ !!. . မခေါ်နဲ့ . . .ဟီး!! ဗြဲ. . . အဲ့လိုဒေါသသံကြီးနဲ့မခေါ်နဲ့ . . . ဗြဲ. .!!!! "

မထင်မှတ်ပဲ အာခေါင်ခြစ်ပြီး မျက်ရည်ပေါက်ပေါက် ကျကာငိုနေသော ကြင်ယာတော်လေးကြောင့် အပြင်ကအခြေအနေကြည့်နေသော ကိုယ်ရံတော်ကျန်းက နားပိတ်ပြီး ထွက်ပဲပြေးရတော့မလိုလို ၊ အထဲပဲဝင် ဆွဲရတော့မလိုလို လမ်းတွေပျောက်နေသလို။ရီလင်ဝမ် ကလည်းကြမ်းပေါ်မှာခြေကားယား လက်ကားယားနဲ့ ငိုနေတဲ့ သူ့အဆိုးလေးကိုပဲ ချော့ရမလိုလို၊ ဆက်ပြီးပဲ ငေါက်ရမလိုလို။သူအရင်တုန်းက အသံမာမာပြောလိုက်တာနဲ့ လူတိုင်းငြိမ်သွားကြတာ ဒီလိုအော်ငိုတာမျိုးက ပထမဆုံးဆိုတော့ . . .

နောက်ဆုံးတော့လည်း မနေနိုင်တဲ့ သူကပဲချော့ရတာပေါ့။ကြမ်းပေါ်က ကြင်ယာတော်လေးကို ပေါင်ပေါ်ဆွေ့ကနဲ ကောက်ချီပြီးကျောလေးကို ဖွဖွလေးပွတ်ပေးတယ်။ကြင်ယာတော်လေးကလည်ပင်းကိုသိုင်းဖတ်ရင်းတိုးဝေ့ကာ တအိအိနဲ့ ငိုနေတယ်။ငိုနေရင်းနှင့်ပင်အိပ်ပျော်သွားသောကြောင့် အသာလေးပွေ့ချီပြီး ချောင်းကြည့်နေတဲ့ အစေခံတွေကို လစ်လျူရှုကာ ကြင်ယာတော် ဆောင်ကိုသယ်လာပြီး ကုတင်ပေါ် အသာလေးတင်ကာ စောင့်ခြုံပေးလိုက်သည်။စဉ်းစားကြည့်ရင် ထိုနေ့ကလည်း အလားတူပဲ။

လွန်ခဲ့သော တစ်ပတ်ကျော်ခန့်. . . . . .
.
.

ရောက်ကတည်းက သေရည်အိုးဆီ အကြည့်ရောက်နေသောကြောင့် သောက်နိုင်မည်ထင်ထားသော်လည်း တစ်ခွက်ထဲနဲ့ မှောက်သွားသော ကြင်ယာတော်လေးကို ပွေ့ချီပြီး ကုတက်ပေါ် နေရာချထားပေးသည်။ပါးလေးများနီကာ ဆူပုတ်ပုတ်လေးဖြစ်နေသော ကြင်ယာတော်ကိုစောင်ခြုံပေးရန်ကြံစဉ် ဖျက်ကနဲ ပွင့်လာသော မျက်ဝန်းလေးများကြောင့် လက်တန့်သွားသည်။

" နိုးလာပြီလား။ "

မလှုပ်မယှက်သူ့ကိုသာစိုက်ကြည့်နေရင်းမှ ပြုံးရင်းသူ့လည်ပင်းကို သိုင်းဖက်ရင်းပွတ်သီးပွတ်သတ်လုပ်နေသော ကြင်ယာတော်လေး။

" ဟီးဟီးဟီး ကျန့်ကော~~ "

ကျန့်ကော? ဘယ်သူလဲ? လူမှားနေတာလား?

Being in  novel is not easy 🤧[Completed]Opowieści tętniące życiem. Odkryj je teraz