43

1.3K 136 3
                                    


နောက်နေ့သူနိုးလာတော့နေ့လည်တောင်ရောက်နေပြီး နိုးလာတဲ့အချိန် ဘေးမှာလူမရှိတော့ အားငယ်ချင်လာတယ်။ဒါပေမဲ့လည်း စိတ်ကိုတင်းပြီး အစားကောင်းကောင်းစားကာ အဖျားကိုတိုက်ထုတ်နေရတယ်။ဘေးမှာခွံ့ကျွေးမဲ့လူမရှိတော့ ကြက်ပေါင်ကိုလည်း ကိုယ့်ဘာ့ကိုကိုက်ပြီး စွတ်ပြုတ်ကိုလည်း မသောက်ချင်သောက်ချင်နဲ့ ပန်းကန်လိုက်မော့နေရတယ်။အင်း. . . . အသီးလေးဘာလေးလည်း ကိုက်နေရမှလူက နေသာသလိုလို. . . . .။ အမဲလိုက်ပွဲရှိတဲ့အရပ်ကိုမျက်နှာမူပြီး ဘေးကင်းဖို့ ဆုတောင်းရတာလည်းအမော. . . .။ ဒီကြားထဲစိတ်မှာမတင်မကျဖြစ်နေတာလေး တစ်ခုရှိနေသလို မရှိသလိုလိုနဲ့ မရေရာမှုတွေကြားမှာ တွေးလေလေ ဗိုက်ဆာလေဆိုတော့ ကိုယ်ခံအားတွေတက်ပြီး အဖျားလည်းမနေနိုင်ပဲပြေးပြီ။လူကနေကောင်းပေမဲ့ စိတ်ကနေလို့မကောင်း.. .ရှန့်ရှန့်အဆင်ပြေဖို့ပဲဆုတောင်းနေရတယ်။အမဲလိုက်ပွဲက တစ်ညအိပ်နှစ်ရက်ခရီးဆိုတော့ နှစ်ရက်လောက်သည်းခံရင် ရပြီ . . . နှစ်ရက်ပဲ။

နှစ်ရက်ကြာတော့ ပြန်ရောက်လာတဲ့သတင်းကြားရပေမဲ့ သုံးရက်အတွင်းအရိပ်အယောင်တောင်ပေါ်မလာတော့ လူကစိုးရိမ်လာပြီ။ ဘာဖြစ်လို့လဲ အမဲလိုက်ရင်းဒဏ်ရာရလာလို့လား၊လုပ်ကြံသူတွေနဲ့ပူးပေါင်းတယ်ဆိုပြီးသံသယ ဝင်ခံနေရလို့ပြန်မလာသေးတာလား၊ အခြားတစ်ခုခုလား ဆိုပြီးလားပေါင်းများစွာနဲ့ အတွေးများနေတဲ့ သူ့ကိုလေးရက်မြောက်တဲ့နေ့မှာ ဝမ်ချင်က ဝမ်ရယ် ညကပြန်လာပြီး မနက်ကပဲပြန်ထွက်သွားကြောင်း၊ ကြင်ယာတော်လေးနိုးမှာ စိုးလို့မနှိုးပဲထွက်သွားကြောင်းပြောတော့ စိုးရိမ်စိတ်တွေအကုန်လုံးက ဒေါသအဖြစ်ပြောင်းလဲပြီး မြင်မြင်သမျှ အကုန်ကြည့်မရတော့တာပဲ။

စဉ်းစားကြည့်ပါ . . . ဒီလူကဒီလောက်တောင် မျောက်ဖင်မီးလောင်သလို ခုန်ဆွခုန်ဆွနဲ့ လည်ပင်းနှစ်တောင်လောက် ရှည်အောင် မျှော်နေရတဲ့သူကို ရှန့်ရှန့်က ပြန်လာတာတောင် အသိမပေးပဲ သူခိုးကျင့်သူခိုးကြံနဲ့ လူမသိအောင်ပြန်သွားတယ်ဆိုတော့ ဒင်းကဘာအချိုးချိုးတာလဲ၊ နန်းတော်ထဲမှာ အားကိုးရှိတယ်ဆိုပြီး သူလိုက်မလာမနိုင်ဘူးထင်နေတာလား။ဟားဟားဟား ရတယ်လေ ပြန်မလာနဲ့ ရှန့်ရှန့်မလာတော့လည်း ကိုယ်ကလိုက်သွားရုံပေါ့ . . ဘာခတ်တာမှတ်လို့။

Being in  novel is not easy 🤧[Completed]Where stories live. Discover now