(32)

1.3K 141 0
                                    

မင်းကြီးက သတင်းကြားကြားခြင်းပဲ နှစ်အတော်ကြာတဲ့အမုန်းတွေ၊ ရာဇအိနြေ္ဒတွေမေ့ပြီး ရီလင်ဝမ်ရှိတဲ့အဆောင်ကို အထိန်းတော်တွေ၊ ကိုယ်ရံတော်တွေမစောင့်အားပဲ ဝတ်ရုံကြီးမကာ ပြေးသွားတော့သည်။မျက်နှာဖြူစုပ်ပြီး နှုတ်ခမ်းတွေကွဲအက်နေတဲ့ ညီတော်ကိုမြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ သူ့ရဲ့တွေဝေနေတဲ့စိတ်တွေဟာ မရေရာခြင်းတွေဆီကနေရုန်းထွက်လာတယ်။ဘေးကသမားတော်ပြောနေတာကိုတောင်ဂရုမစိုက်နိုင်ပဲ ကုတင်ဘေးထိုင်ရင်းညီတော်ရဲ့ အေးစက်နေတဲ့လက်ကိုအသာလေးဆုပ်ကိုင်လိုက်တယ်။

" အားရှန့်. "

သူ့ရဲ့ခေါ်သံအဆုံးမှာပဲ လက်ချောင်းလေးတွေလှုပ်ရှားလာပြီး မျက်လုံးကိုအားယူကာဖွင့်လိုက်တဲ့ အားရှန့်။သူ့ရဲ့မျက်လုံးထဲမှာ သူတို့ငယ်ငယ်တုန်းကအချိန်ကိုပြန်ရောက်သွားသလိုပဲ။ကုတင်ပေါ်မှာလှဲနေတာက ကလေးအရွယ်အားရှန့်နဲ့ ဘုရင် မဖြစ်ခင်အချိန်ကသူ. .

" အကိုတော်. . . . . "

တိုးတိုးလေးပါပဲ . . . . . တကယ်ကို ကြားရတယ်ဆိုရုံလောက်လေး ခေါ်လိုက်တဲ့ အသံလေးက သူ့ရင်ကိုစို့နစ်သွားစေတယ်။မလိုတော့ဘူး . . . သူမလိုချင်တော့ဘူး. . . ဒီအမုန်းတရားတွေကို သူမလိုချင်တော့ဘူး။အရင်လိုပြန်မဖြစ်နိုင်ရင်တောင် အခုလိုတော့သူဆက်မနေချင်တော့ဘူး။

" အကိုတော်နားလည်ပြီ အားရှန့် . . . စိတ်ချလက်ချအနားယူထားတော့ . ဒါမှ မင်းကိုကန့်ကွက်မဲ့သူတွေကို ရင်ဆိုင်နိုင်မှာ။ "

ဆုံးဖြတ်ချက်အခိုင်အမာချပြီးထွက်လာတော့ အခန်းအပြင်မှာ မယ်တော်ကြီးနှင့်တွေ့သည်။

" မင်းကြီး "

" အားရှန့်ကအခု အနားယူနေပါတယ်မယ်တော် . . ကိုယ်တော်နဲ့စကားနည်းနည်း ပြောဖို့အချိန်ရမလား။ "

မင်းကြီးက မယ်တော်ကြီးသဘောတူအောင် နားချပြီးရှေ့ဆက်ရမဲ့ ရက်တွေအတွက်တိုင်ပင်သည်။ရွှင်လန်း နေတဲ့မင်းကြီးရဲ့မျက်နှာက ရီလင်ဝမ်အတွက် သတင်းကောင်းပဲ။ ဒါပေမဲ့ သူ့ရဲ့သတင်းကောင်းဟာ အချို့တွေအတွက်တော့ သတင်းဆိုးပဲ။

Being in  novel is not easy 🤧[Completed]Where stories live. Discover now