(10)

2K 166 3
                                    


ရိပေါ်ရဲ့ တစ်ယောက်စိတ်ထဲမှာအမျိုးစုံကြိုးခုန်နေတယ်။ အပြင်မှာတော့ အပြုံးမျက်နှာလေးနဲ့ပေါ့။နန်းတွင်းကိုဝင်ဝင်ချင်း ကြီးကျယ်ခန်းနားတဲ့ မြင်ကွင်းတွေကြောင့် ဒါတွေငါရေးထားတာကွ ဆိုပြီးမဆီမဆိုင်ဂုဏ်ဆာမိသေး။သူကဇာတ်လိုက်နေတဲ့ ချင်နိုင်ငံက အချမ်းသာဆုံးနိုင်ငံအနေနဲ့ရေးထားတာလေ။ ရွှေနဲ့ဆောက်ထားတဲ့နန်းတော်ကြီးကိုကြည့်ရင်း နောက်ဆုံးတော့ တွေ့ရပါပြီ၊ ချင်နိုင်ငံရဲ့ ဘုရင် ဝေ့ဝူချင်း။

ရိပေါ်တို့ဝင်လာတော့ သူ့ကို အရိုအသေ ပေးဖို့မလိုကြောင်း ၊ နေကောင်းရဲ့လား ဘာညာကွိကွ အမျိုးစုံအောင်ပြောနေပေမဲ့ ရိပေါ်ကတော့စိတ်မဝင်စား။ ပြောသမျှတွေ အကုန်သူရေးထားတာတွေ နဲ့ တစ်ထပ်တည်း။ ဒီမင်းကြီးရဲ့creative မရှိတဲ့ speech ကိုပဲအပြစ်တင်ရမလား၊ စာမေးပွဲမှာစာလုံးဝ မမှတ်မိတဲ့ ဒီခေါင်းက လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်ကရေးတဲ့ဟာကို မှတ်မိနေတာကိုပဲ အံ့သြရမလားမသဲကွဲ။သေချာတာကတော့ အခုသူ့ရှေ့မှာ ထိုင်နေတဲ့ ဥပတိရုပ်ခန့်ညားတဲ့ ဘဲကြီးက ဒီဝတ္ထုရဲ့ ဗီလိန် master mind ကြီးဆိုတာပဲ။

ဝေ့ဝူချင်း ရဲ့ အမေ ၊အခုမယ်တော်ကြီးက ငယ်ငယ်ထဲကမိခင်မဲ့ဖြစ်သွားတဲ့ ဝေ့ရှန့်ကိုစောင့်ရှောက်ခဲ့တာ။ဝေ့ဝူချင်းနဲ့ ဝေ့ရှန့်က အသက် ၁၅နှစ်ကွာပေမဲ့ အပေးအယူမျှခဲ့တယ်။အဲ့ဒိ့နေ့ မတိုင်ခင်ပေါ့။

အိမ်ရှေ့စံ ကိုတရားဝင်မကြေငြာထားပေမဲ့ မိဖုရားခေါင်ကြီးက မွေးတဲ့ ဝေ့ဝူချင်းက နောင်တက်မဲ့ဘုရင်ဆိုတာသေချာသလောက်ပဲ။ အဲ့ဒါကြောင့် သူ့အစား ဝေ့ရှန့် ကိုဘုရင်အဖြစ်တင်မြှောက်ဖို့ ရေးထားတဲ့ဘုရင့်ရဲ့နောက်ဆုံး သေတမ်းစာကို ခိုးဖတ်မိတဲ့အချိန်မှာတော့ တစ်ချိန်က အချစ်ဆုံးညီတော်ကလည်း အမုန်းဆုံးရန် အဖြစ်ပြောင်းလဲသွားတယ်။

ဝေ့ဝူချင်းက သေတမ်းစာကို လဲပစ်ပြီး ဘုရင်ဖြစ်လာခဲ့တယ်။ ပြီးတော့အများအမြင်မှာ ဝေ့ရှန့်ကို အချစ်ခင်ဆုံး ညီတော်လိုဆက်ဆံခဲ့တယ်။အကောင်းဆုံးဆိုတာတွေကို ဝေ့ရှန့် ကိုပဲပေးတယ်။ အိမ်ရှေ့စံရာထူးကိုတောင် ဝေ့ရှန့်က ငြင်းလို့ မတက်သာတဲ့ပုံစံနဲ့ ရဲ့သားတော်ကိုပေးတယ်။ ဒါကြောင့် ဝေ့ရှန့် ကို နန်းတော်ထဲက မိဖုရားတွေ ၊မင်းသားတွေ နဲ့ အမတ်အချို့က အမြင်မကြည်ဘူး။ အချို့ အမတ်တွေကတော့ သူတို့ရဲ့ သမီးတွေကို ရီလင်ဝမ်နဲ့ လက်ဆက်ပေးချင်ကြတယ်။ ရီလင်ဝမ်ကို အင်အားကြီးထွားလာမှာ မလိုလားတဲ့အတွက် ကျိန်စာသင့်နေသလိုဇာတ်လမ်းတွေထွင်ပြီး သတို့သမီးတွေကိုသတ်ပစ်ပြီး အမတ်တွေနဲ့ရန်တိုက်တယ်။။ရိပေါ်က ဇာတ်လိုက်တွေကိုမွေးဖွားပေးတဲ့ စာရေးဆရာဆိုရင်၊ ဝေ့ဝူချင်းက ဗီလိန်တွေကို မွေးဖွားပေးတဲ့ master mind။

Being in  novel is not easy 🤧[Completed]Where stories live. Discover now