(42)

1.3K 147 5
                                    

ရီလင်ဝမ်က သူ့ရဲ့ လုပ်နေကျအတိုင်း ညီလာခံသွားတော့ ကြင်ယာတော်လေးက အိပ်ကောင်းနေတုန်း။ ညီလာခံကို မင်နိုင်ငံက အိမ်ရှေ့စံ ပိုင်မု ပါတက်ရောက်ပြီး တိုင်းပြည်အရေးဆွေးနွေးနေကြတာမို့ အရင်ကထက် အချိန်ပိုကြာနေတယ်။ပြီးတော့ ပိုင်လျန်က သူ့ကိုမင်နိုင်ငံမှာကတည်းက သတင်းတွေကြောင့်လေးစားနေကြောင်း ပြောနေတဲ့အပြင် ချစ်ကြည်ရေး လက်ဆက်ပွဲ အကြောင်းပြောရင်း သူ့ဆီကို မသိမသာ အကဲခတ်နေပုံက သူ့ကိုအနေရခတ်စေပေမဲ့ ပြန်ချင်စိတ်သာများနေတာကြောင့် အကြောင်းအရာ တော်တော်များများကို အပြုံးနဲ့ပဲ အဖြေပေးလိုက်တယ်။

ညီလာခံအပြီး မယ်တော်ကြီးဆီ သွားဖို့လုပ်တော့ လမ်းသင့်တဲ့ ပိုင်မုပါ ပါလာတာမို့ မင်းကြီးနဲ့ စကားတစ်ပြောပြောသွားနေရင်း ရေအိုင်အလည်က တံတားပေါ်မှာ ရင်းနှီးတဲ့ ကျောပြင်လေးကိုမြင်လိုက်ရတယ်။အနားကို မသိမသာသွားနေတုန်းမှာပဲ ကျောပြင်လေးက လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တစ်ယောက်တည်းမဟုတ်တာသတိထားမိသည်။မနီးမဝေးရောက်လို့ခေါ်ဖို့ပြင်နေတုန်းမှာပဲ တံတားပေါ်ကယိုင်ပြီး ရေအိုင်ထဲပြုတ်ကျသွားတဲ့သူ့ရဲ့ငယ်လေး. . . . . . . ။မျက်လုံးထဲဘာမှမမြင်တော့ပဲ သူပါရေကန်ထဲခုန်ချလိုက်တယ်။

ပထမတော့ရုန်းကန်နေပေမဲ့ မကြာခင်မှာပဲရေထဲကိုနစ်မြှပ်သွားတာကြောင့် အရှိန်ကိုမြှုင့်နိုင်သမျှမြှင့်ကာကူးခတ်ရင်း နောက်ဆုံးမှာတော့ နှစ်ယောက်အတူ ကုန်းပေါ်ပြန်ရောက်လာတော့သည်။

" ငယ်လေး ငယ်လေး ! သတိထားဦး ငယ်လေး ! "
( CPR . . . CPR 🤩🤩 (*  ̄3)(ε ̄ *) )

" အဟွတ် ဟွတ် !! "
( Σ┗(@ロ@;)┛ c. p. . r. . . .😧😧 )

" ဝမ်ရယ် ကြင်ယာတော်ကို "

" သူ့ကို မထိနဲ့ !! "

ရီလင်ဝမ်ရဲ့ သတိပေးသံနဲ့မျက်စောင်းကြောင့် ကြင်ယာတော်လေးဆီ လက်လှမ်းနေတဲ့ ပိုင်မု ရဲ့လက်တွေတန့်သွားပြီး ကျောထဲစိမ့်သွားတယ်။သူ ရီလင်ဝမ်ကိုစတွေ့စဉ်က စစ်နတ်ဘုရား ဆိုတဲ့တင်စားချက်က အမတ်တွေကမြှောက်ပင့်ချက်ဖြစ်ပြီး ဒီလို အလျော့ပေး၊ပြုံးနေတတ်တဲ့သူနဲ့ မအပ်စပ်ဘူးလို့ ထင်ထားတာ. . . . . . . အခုတော့ စစ်နတ်ဘုရားရဲ့ အရှိန်အဝါ ကပေါ့ပေါ့သေးသေး မဟုတ်ဘူးဆိုတာ သူသိသွားပြီ။

Being in  novel is not easy 🤧[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ