(13)

1.7K 164 8
                                    

နောက်နေ့မနက် သူနိုးလာတော့ ရှန့်ရှန့် က နန်းတော်ကိုညီလာခံ တက်ဖို့သွားပြီ။ အကုန်အဆင်ပြေပေမဲ့ အခုတစ်လောသူ့ဆီကိုလာလာအိပ်နေတာကခတ်တာ။မနေ့ကနဲ့ဆို ၄ ရက်ရှိပြီ။ထိတ်လန့်နေတဲ့ မိန်မိန်ဆိုလဲ မျက်ကွင်းတွေညိုပြီး ပန်ဒါ က hi sister ခေါ်လောက်ပြီ။ ရိပေါ်ကတော့ အိမ်မက်တွေကမကောင်းပေမဲ့ တစ်ကျိုးထဲပဲ။

အမြဲတမ်း ဟိုကိစ္စအကြောင်းပြပြီးငြင်းလို့မရဘူး။ အခြားဟာ စဉ်းစားရမယ် ဆိုပြီးတွေးနေတဲ့သူ့ခေါင်းထဲကို ဘယ်ကမှန်းမသိတဲ့ စာကြောင်းတစ်ကြောင်းရောက်လာတယ်။

ယောက်ျားတွေကိုအပိုင်ချုပ်ချင်ရင် သူတို့ရဲ့ အစာအိမ်ကို အရင်အပိုင်ချုပ် ရမယ်တဲ့။

' ဟုတ်တယ်။ကိုယ့် ဇနီးက ချက်ကျွေးတဲ့ ဟင်းကောင်းတစ်ခွက်ကို ဘယ်သူငြင်းမှာလည်း။ ပြီးတော့ အဲ့ဒိ့ ဟင်းခွက်ထဲကိုအိပ်ဆေး ထည့်လိုက်ရင် ဟာဟ။ဘေးလည်းရှောင်ရင်း အမှတ်လည်းယူရင်း။တစ်ချက်ခုတနှစ်ချက်ပြတ်ပေါ့။ '

ဆိုတဲ့အတွေးနဲ့ မိန်မိန် ကို အိပ်ဆေးရှာခိုင်းပြီး မီးဖိုချောင်ထဲမှာဟင်းချက်ဖို့ရောက်နေတယ်။ မီးဖိုချောင်မှာသူတစ်ယောက်ပဲ ၊ ကျန်တဲ့သူတွေကိုအကုန်မောင်းထုတ်ပြီး မိန်မိန်ကိုတော့ ခပ်လှမ်းလှမ်းတစ်နေရာမှာ အပေါက်စောင့်ခိုင်းထားတယ်။မတော်လို့ ဆေးထည့်နေတာမိသွားရင် မလွယ်ဘူးလေ။

ခတ်တာက သူဟင်းမချက်တတ်ဘူး။ဒါပေမဲ့ နဂို လန်သခင်လေးက ဟင်းချက်တတ်တယ်ဆိုတော့ ပြသာနာမရှိဘူး။ပြောကြတယ်မဟုတ်လား ဦးနှောက်ကမမှတ်မိရင်တောင် ခန္ဓာကိုယ်က မှတ်မိတယ်လို့။ ဒါကြောင့်ဟင်းချက်တာကို လန်သခင်လေးရဲ့ခန္ဓာကိုယ် ကလုပ်လိမ့်မယ်။

* တယ်တော်တဲ့ငါ။* (ဟုတ်မှလဲလုပ်ပါ 😗😗 )

ပထမဆုံး ကြက်သား၊

"အင်း. . . ကြက်သားသုပ်ဆို မဆိုးဘူး။အရင်ဆုံး ကြအကောင်လိုက်ကို ဖဲ့. . ဖဲ့ . . ဟင် "

ရိပေါ်ကြက်အကောင်ကို လည်ပင်းကနေဆွဲတယ်. . မပြုတ်. . . ၊ ဘေးကတောင်ပံကနေဖဲ့တယ် . . မပဲ့။

"မဟုတ်သေးပါဘူး။ ဒီကြက်မသေခင်တုန်းက ပရိုတင်းတွေသောက်ပြီး GYM ဆော့ထားလား ။ ဘာလို့ဒီလောက် ဖဲ့ရခတ်နေတာလဲ။ "

Being in  novel is not easy 🤧[Completed]Where stories live. Discover now