(11)

1.8K 173 10
                                    

ဘဝမှာရင်ခုန်လွန်းလို့ ကိုယ့်နှလုံးခုန်သံ ကိုနားထဲပြန်ကြားရတာရှိလား. . .

ရိပေါ်ကတော့ အခုကြားနေရတယ်။ဇောချွေးတွေပါပြန်ရင်းပေါ့။ဒီသောက်ကျင့်က ဒီနေရာမှာစွဲရလား။တက်နိုင်ရင် လွန်ခဲ့တဲ့ နှစ်မိနစ်က ဝမ်ရိပေါ်ကိုနားရင်းပိတ်အုပ်ချင်တယ်။ ဘယ့်နဲ့ ကျားရှေ့မှောက်ယက်လဲရတယ်လို့။

"ဟားဟားဟား လန်အိမ်က သမီးက အခြားမိန်းမပျိုလေးတွေနဲ့မတူဘူးဆိုတာအမှန်ပဲကို၊ ကဲကဲ မယ်တော်ကြီ နားလာပါဦး။"

"ဟုတ်ကဲ့။"

ဘာဖြစ်သွားမှန်းမသိပေမဲ့ ချောလဲရောထိုင်၊ ရှိသမျှသွား အကုန်ဖြီးပြီး မယ်တော်ကြီးနားသွားထိုင်တော့ မယ်တော်ကြီးက ရိပေါ် လက်တစ်ဖက်ကိုကိုင်ရင်း

"ကြင်ယာတော်လန် အရင်နေ့တွေကနေမကောင်းဘူးကြားတယ် ၊ အခုရော ဘယ်လိုလဲ။ အိမ်တော်မှာနေရတာရော အသားကျရဲ့လား။ "

ကြည့်ဘူးသမျှ ရာဇဝင်ကားတွေထဲက စာသားတွေကို စကန်ဖတ်လိုက်တယ်။ကြာချိန် ၀.၀၃ စက္ကန့်။

"ပို့သတဲ့ မေတ္တာတွေကြောင့် အားလုံးအဆင်ပြေပါတယ် မယ်တော်ကြီးရှင့်။"

*ထွီ . . . နားရှိလို့သာကြားရတယ် ကိုယ့်အသံကိုတောင် နားပြင်းကတ်တယ်။*

"လွတ်လွတ်လပ်လပ် ပြောပါ ရူရှင်း။ မယ်မယ်လို့ခေါ်လေ။"

"ဟုတ်ကဲ့ မယ်မယ်။ "

"ရူရှင်း. . အများအမြင်မှာ အားရှန့် က အားကျဖို့ကောင်းပေမဲ့ တကယ်တော့သူ့သနားစရာပါ။ အားရှန့် မိခင် ကငယ်ငယ်ကတည်းကဆုံးသွားပေမဲ့ အားရှန့်က လိမ်မာတယ်။ တိုင်းပြည်အတွက် သူမနှစ်သက်တဲ့ စစ်ပွဲတွေခဏခဏ တိုက်ရတယ်။ "

*သူရေးတာ သူရေးတာ အဲ့ဒါတွေအကုန်သူရေးထားတာ။ *

"အရွယ်ရောက်လာတော့ မိသားစု ထူထောင်ဖို့တောင်မှ ကျိန်စာသင့်နေတယ်ဆိုတဲ့ နာမည်ဆိုးကြီးက ကပ်လိုက်လာပြန်တယ်။ "

*ဇာတ်ပိုနာသွား အောင်လို့ပါ။ *

"ကံကြမ္မာက အားရှန့်အပေါ် အရမ်းရက်စက်တယ်။ "

Being in  novel is not easy 🤧[Completed]Where stories live. Discover now