(5)

2.5K 197 0
                                    

တစ်ယောက်ယောက်ကသာ ဝမ်ရိပေါ် ကဘယ်လိုလူမျိုးလဲလို့မေးရင် အဖြေနှစ်မျိုးရမှာကြိမ်းသေတယ်။တစ်မျိုးက အေးတိအေးစက် နဲ့ အချေတစ်လိုင်းလူဆိုးပေါက်စ။ နောက်တစ်မျိုးက သူမတူအောင်စကားများတဲ့ ချွဲစိန်လေးဂျစ်တူး။

ဘယ်သူက အမှန်လဲလို့မေးရင် အဖြေက ဘယ်သူမှမမှားဘူး။ ရိပေါ် ကမရင်းနှီးတဲ့သူတွေအတွက်ဆို ပထမလူစား၊ မိဘတွေ bff တွေနဲ့ ဆိုရင် ဒုတိယ လူစားဖြစ်သွားပြီ။ သူဟန်ဆောင်နေတာလားဆိုတော့မဟုတ်ဘူး။ သူကိုယ်က အဲ့လိုလူမျိုး။

ရိပေါ် ကဆိုးသွမ်းနေတဲ့လူတွေထဲမှာမပါဘူး။ တစ်ကယ် ပြောတာ သူဘယ်တုန်းကမှ သူများမကြိုက်တာမလုပ်ဘူး၊ ကိုယ်ကြိုက်တာပဲလုပ်တာ။ ပြန်ပြောမယ်နော် သူများမကြိုက်တာမလုပ်ဘူး၊ ကိုယ်ကြိုက်တာပဲလုပ်တာ။ အယ်. . ကိုယ်ကြိုက်တာနဲ့ သူများမကြိုက်တာနဲ့ တူနေရင်တော့. . . . ထုံးစံအတိုင်း ကိုယ်ကြိုက်တာကိုပဲရွေးတာပေါ့။အဲ့ဒါကိုပဲ လူတွေကသူ့ကို လူဆိုးလိုလို၊ လူမိုက်လိုလို ဆိုပြီးပြောနေကြတာ။ ရိပေါ်တို့ ကတော့ don't care ပါ။

ရိပေါ်တို့မှာက မိသားစုဝင် ၄ ယောက်ရှိတယ်။ ပါးပါးရယ်၊ မားမားရယ်၊ ချင်ကျဲ ရယ် သူရယ်။ ချင်ကျဲကသူ့ထက် ၄ နှစ်ကြီးတယ်။ ရိပေါ်ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေက လက်ချိုးရေလို့ ရပေမဲ့ ချင်ကျဲကတော့အပေါင်းအသင်းများတယ်။ ရိပေါ် ကအခု သူရဲ့ သက်တမ်းတစ်လျှောင်လုံးကို ရုပ်ရှင်ကားကြည့် သလိုမျိုးပိတ်ကားပ်ါမှာ ပြန်မြင်နေရတယ်။ သူ့ ငယ်ငယ်တုန်းက ချင်ကျဲ က ပိုးကောင်နဲ့ လိုက်တို့ လို့ထွက်ပြေးရတာတွေ။ ချင်ကျဲ ရဲ့မွေးနေ့မှာ ကိတ်မှန့်က ဝက်ဝံရုပ် ကိုလက်နဲ့ ဇွပ်ကနဲ ကလော်စားလို့ ချင်ကျဲ က နောက်ကလိုက်ရိုက် တာတွေ ၊စသဖြင့်စသဖြင့် ငယ်ငယ်တုန်းက အကြောင်းတွေပြန်မြင်နေရတော့ လူတောင်ပျင်းလာတယ်။ ဒါတွေအကုန်သူသိပြီးသားတွေလေ။

'နေပါအုန်း ကဘာလို့ဒါတွေပြန်မြင်နေရတာလဲ ။သူသိချင်တာက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲဆိုတာလေ အခုဟာတွေက နည်းနည်းလေးမှ စိတ်ဝင်စားစရာ မကောင်းဘူး။ စိတ်လှုပ်ရှားစရာလေး ဘာလေးများ မရှိဘူးလား။ '

Being in  novel is not easy 🤧[Completed]Där berättelser lever. Upptäck nu